Skip to content

မြန်မာနိုင်ငံကျောက်မျက်နှင့်ကျောက်စီမ်း လုပ်ကွက်လိုင်စင်ဆိုင်ရာ အချက်အလက်များ(၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ဆိုင်ရာ)

မြန်မာနိုင်ငံသယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကနဦးခြေလှမ်းများအစီအစဉ် (MEITI) ၏ (၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ဆိုင်ရာ) ပဉ္စမမြောက်အစီရင်ခံစာ နောက်ဆက်တွဲအဖြစ် မြို့နယ် အလိုက် ကျောက်မျက်နှင့် ကျောက်စိမ်းသထ္ထုတွင်းလုပ်ကွက် လုပ်ငန်းခွင့်ပြုမိန့်လိုင်စင် စုစုပေါင်းအရေ အတွက်ကိုထည့်သွင်းဖော်ပြခဲ့ပါသည်။ အဆိုပါအချက်အလက်များသည် (၂၀၁၇-၂၀၁၈) ဘဏ္ဏာရေးနှစ်အတွင်း မြန်မာနိုင်ငံတွင်လုပ်ငန်း လည်ပတ်လုပ်ကိုင်လျက်ရှိသည့် ကျောက်မျက်နှင့်ကျောက်စိမ်း သထ္ထုတွင်းလုပ်ကွက် လုပ်ငန်းခွင့်ပြုမိန့် လိုင်စင်စုစုပေါင်းအရေအတွက်ဆိုင်ရာ (MEITI) ၏ ပဉ္စမမြောက်အစီရင်ခံစာ ဖော်ထုတ်တင်ပြထားချက် များအပေါ်တွင် အခြေပြုထားခြင်းဖြစ်ပါသည်။ အဆိုပါအချက်အလက်အစုတွင် (Excel Files) များဖြင့်ဖော်ပြထားသော မူရင်းအချက်အလက်များနှင့် ပြင်ဆင်၊ တည်းဖြတ်၊ ဖြည့်စွက်ထားသော အချက်အလက်များပါဝင်ပါသည်။ (MEITI) ၏ ပဉ္စမမြောက် အစီရင်ခံစာတွင် ကျောက်မျက်နှင့် ကျောက်စိမ်းလိုင်စင်လုပ်ကွက်များ၏ တည်နေရာကိုဩဒိနိတ် အမှတ် များပါဝင်ခြင်းမရှိသောကြောင့် (One Map Myanmar) အနေဖြင့် လိုင်စင်လုပ်ကွက်တစ်ခုချင်းစီ၏ မြေပြင်တည်နေရာ အချက်အလက်များကို ဖော်ထုတ်တွက်ချက်နိုင်ခြင်းမရှိခဲ့ပါ။ ဤအချက်အလက်များ သည် ကျောက်မျက်နှင့်ကျောက်စိမ်းသထ္ထုတွင်းနယ်မြေများကို သက်ဆိုင်ရာမြို့နယ်များအလိုက် အနှစ် ချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။

အဆိုပါ ကျောက်မျက်နှင့်ကျောက်စီမ်း လုပ်ကွက်လိုင်စင်ဆိုင်ရာ အချက်အလက်များသည် အောက်ပါ လင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်သည့် (MEITI) အစီရင်ခံစာ “လုပ်ငန်းခွင့်ပြုမိန့်လိုင်စင်ဆိုင်ရာ သတင်း အချက်အလက်များ” အပေါ်တွင် အခြေပြုဖော်ပြထားခြင်းဖြစ်ပါသည်။(One Map Myanmar) မှ သတင်းအချက်အလက် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် သက်ဆိုင်ရာအနှစ်ချုပ်အကြောင်းအရာများ၊ သွင်ပြင်လက္ခဏာများကို လိုအပ်ချက်များနှင့်အညီ ထပ်မံထည့်သွင်းဖြည့်ဆည်းထားပါသည်။ (http://www.myanmareiti.org/files/uploads/license_information2017-2018.xlsx)

ဤအချက်အလက်အစုတွင် အသုံးပြုထားသည့် မြို့နယ်နယ်နမိတ်များသည် (One Map Myanmar) မှ (ထုတ်ပြန်ကြေညာခြင်း မပြုရသေးသည့် ၂၀၂၀ အောက်တိုဘာ ၂၀ မူအရ) ရွေးချယ်၊ စုစည်း၊ တင်ပြ ထားသည့် မြို့နယ်အုပ်ချုပ်ရေးအာဏာစက်နယ်နမိတ်ပြင်ပတွင်ရှိ တည်နေရာ ကိုဩဒိနိတ်အမှတ်များကို အခြေပြုဖော်ပြထားခြင်းဖြစ်သောကြောင့် သတင်းအချက်အလက်တိကျသေချာမှုအပေါ် အာမခံချက် တစ်စုံတစ်ရာမပေးနိုင်ပါ။ ထို့အပြင် ဤအကြောင်းအရာများသည် သတင်းအချက်အလက်မျှဝေရန်မှလွဲ၍ နယ်နမိတ်ပိုင်းခြားသတ်မှတ်ခြင်း လုပ်ငန်းစဉ်များအတွက် တစ်စုံတစ်ရာရည်ရွယ်ထားခြင်းမရှိပါ။

မူရင်း (Metadata) များ (အချက်အလက်ဆိုင်ရာအခြေခံအကြောင်းရင်းများ/ လိုအပ်ချက်များ)ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားပြီး ပွင့်လင်းမြန်မာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (ODM) မှ မြန်မာဘာသာ သို့ ပြန်ဆိုထားပါသည်။

အဆိုပါ မူရင်း (အင်္ဂလိပ်) နှင့် ဘာသာပြန် (မြန်မာ) အချက်အလက် (Metadata) များကို (Excel Files) ဖြင့်ပြုစုထား၍ (Zipped Shape File) အဖြစ်ပူးတွဲဖော်ပြထားပါသည်။

Data Resources (3)

Data Resource Preview - Explore this and other data in the Geospatial Data Explorer (TerriaJS)

Additional Info

Field Value
အချက်အလက်အစု ခေါင်းစဉ်အမျိုးအစား
  • Extractive industries
  • Gemstone mining
  • Mining
ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
အသုံးပြုခြင်းဆိုင်ရာ အကန့်အသတ်များ ဤ အချက်အလက်အစုကို နိုင်ငံတကာ ပုံမှန်တီထွင်ဖန်တီးမှုလက်ရာဆိုင်ရာ ခွင့်ပြုချက်လိုင်စင် (a Creative Commons Attribution 4.0 International (CC BY 4.0) License (https://creativecommons.org/licenses/by/4.0) အရထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ရှင်းလင်းချက်: ဤအချက်အလက်အစုတွင်ဖော်ပြထားသည့် နယ်နမိတ်များ၊ အမည်များ၊ နှင့်အခြားသတင်းအချက် အလက်များသည် One Map Myanmar၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ (သို့မဟုတ်) အခြား ပြည်နယ်/တိုင်းဒေသကြီးဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင်သဘောတူ၊ ထောက်ခံ၊ခွင့်ပြုထားချက် များဖြင့် ထည့်သွင်းရေးသားထားသည်ဟု အဓိပ္ပါယ်တစ်စုံတစ်ရာ သက်ရောက်ခြင်းမရှိပါ။ ဤ အချက် အလက်အစုသည် အာဏာပိုင်အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ခြင်းမဟုတ်သောကြောင့် နယ်နမိတ် ဆိုင်ရာ အငြင်းပွါးမှုများကိုဖြေရှင်းရန်အတွက် ဥပဒေကြောင်းရာအထောက်အထားတစ်ခုအဖြစ် အသုံးပြု၍မရနိုင်ပါ။ ဤအချက်အလက်အစုတွင်ပါဝင်သည့်အကြောင်းအရာများ၏ တိကျသေချာမှု အတွက် ဘက်ပေါင်းစုံမှ နည်းလမ်းတကျ အထူးအားထုတ်ထားလည်း ဤအကြောင်းအရာများသည် သတင်းအချက်အလက်ဝေမျှရန်အတွက်သာရည်ရွယ်ထားသောကြောင့် အချက်အလက်တိကျ သေချမှုအပေါ် အာမခံနှိုင်ခြင်းမရှိသည့်အပြင် နယ်နမိတ်ပိုင်းခြားသတ်မှတ်ခြင်းလုပ်ငန်းစဉ်များအတွက် တစ်စုံတစ်ရာ ရည်ရွယ်ထားခြင်းမရှိပါ။ ထို့အပြင် ဤအချက်အလက်အစုကို ပြုစုဖော်ထုတ်ရာတွင် ပါဝင်ဆောင်ရွက်ကြသော နိုင်ငံတော်ဆိုင်ရာနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် အဆိုပါအချက် အလက်များအသုံးပြုခြင်းမှပေါ်ထွက်လာနိုင်သည့် တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက် (သို့မဟုတ်) တစ်ဆင့်ခံ (သို့မဟုတ်) မတော်တဆ ထိခိုက်သက်ရောက်မှု အမှားအယွင်း အကျိုးဆက်များ နှင့်ပတ်သက်၍ ဥပဒေကြောင်းရာအရ တာဝန်ခံခြင်းမပြုနိုင်သည့်အပြင် မည်သည့် ကြားနေ/ တတိယ အဖွဲ့အစည်း၏ တောင်းဆိုချက်များအပေါ်တွင်လည်း တာဝန်ယူမှုတစ်စုံတစ်ရာ ပြုလုပ်နိုင်မည် မဟုတ်ပါ။
အချက်အလက်အစုကို ရည်ညွှန်းသောရက်စွဲ 2020၊ 8 ဒီဇင်ဘာ
ယာယီအတိုင်းအတာ၏ စတင်နေ့စွဲ 2017၊ 1 ဧပြီ
ယာယီအတိုင်းအတာ၏ ပြီးဆုံးနေ့စွဲ 2018၊ 31 မတ်
ဘူမိအမည်များ
  • မြန်မာ
သတ်မှတ်ဧရိယာ၏ အနောက်ဘက် ကိုဩဒိနိတ် 95.0392761230469
သတ်မှတ်ဧရိယာ၏ အရှေ့ဘက် ကိုဩဒိနိတ် 98.6475219726562
သတ်မှတ်ဧရိယာ၏ တောင်ဘက် ကိုဩဒိနိတ် 21.5127849578857
သတ်မှတ်ဧရိယာ၏ မြောက်ဘက် ကိုဩဒိနိတ် 26.4968509674072
နေရာဆိုင်ရာ ရည်ညွှန်းစနစ် WGS 84 (EPSG:4326) (CRS:84)
အနေအထား တိကျမှန်ကန်မှု မြို့နယ်အဆင့် ဆိုင်ရာ စုပေါင်းအချက်အလက်များ (မြို့နယ်များ၏ နယ်နမိတ်တည်နေရာ၊ အကျယ် အဝန်းကို One Map Myanmar အဖွဲ့အစည်းမှ စုစည်း၊ တင်ပြသည့် မြို့နယ်အုပ်ချုပ်မှုအာဏာ နယ်နမိတ်ပြင်ပ နယ်မြေများကိုပါ အခြေခံ၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။)
ပြည့်စုံမှု Not complete
ဖြစ်စဉ် (၂၀၂၀) ဒီဇင်ဘာ (၈) ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် မူဘောင်
ရင်းမြစ်များ OneMap Myanmar (2020). Myanmar jade and gems mining licences for fiscal year 2017-2018, aggregated by township based on MEITI 5th Report licence information annex data. [online] Available at: https://meiti-onemap-myanmar.hub.arcgis.com [17 Jan 2021].
တာဝန်ရှိသော အဖွဲ့အစည်း One Map Myanmar (info@onemapmyanmar.info) ယဉ်ရပ်နားအဆောက်အဦးအနီး၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ သယံဇာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အဆောက်အဦးအမှတ် (၃၉)၊ နေပြည်တော်
Metadata ကို ဖန်တီးသူ၏ သတင်းအချက်အလက် One Map Myanmar (info@onemapmyanmar.info) ယဉ်ရပ်နားအဆောက်အဦးအနီး၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ သယံဇာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အဆောက်အဦးအမှတ် (၃၉)၊ နေပြည်တော်
ပြင်ဆင်မှု အကြိမ် annually
ခွင့်ပြုချက် Creative Commons Attribution Share-Alike
မူပိုင်ခွင့် Yes
ပြင်ဆင်ချက် Version 2020-12-08
အဓိကစကားလုံးများ jade,ruby,Myanmar Gems Enterprise,mining tract,MEITI,Myanmar Extractive Industries Transparency Initiative,EITI
တင်ခဲ့သည့်ရက်စွဲ ဇန်နဝါရီ 18, 2021, 05:42 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 6, 2021, 13:54 (UTC)