Skip to content

Additional Information

Field Value
Last updated 2018၊ 6 နိုဝင်ဘာ
Created 2018၊ 6 နိုဝင်ဘာ
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် လယ်ယာမြေလွတ်လပ်ခွင့်- မြေယာပိုင်ဆိုင်လုပ်ကိုင်ခွင့်လုံခြုံမှုကိုခိုင်မာစေရန် စိုက်ပျိုးမြေအသုံးပြုမှု၊ သီးနှံရွေးချယ်မှု၊ ထွန်ယက်မှုနှင့်လယ်ယာမြေဥပဒေကို အကြံပြုထားသောပြောင်းလဲမှုများ
ဖော်ပြချက်

တစ်ဦးတစ်ယောက်၏အခြေခံရွေးချယ်မှုအတိုင်း လယ်ယာမြေလွတ်လပ်ခွင့်ကိုရွေးချယ်ခြင်းသည် မည်သည့် ကောက်ပဲသီးနှံကို စိုက်ပျိုးရမည်၊ မည်သည့်စိုက်ပျိုးရေးထုတ်ကုန်ကို ထုတ်လုပ်ရမည်နှင့် မည်သည့်အချိန်တွင် ထွန်ယက်ရမည်တို့အား စိုက်ပျိုးရေးပညာရှင်များစွာမှလွတ်လပ်စွာယူဆထားသော ရွေးချယ်မှု တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏အခြေအနေတွင် အစိုးရမှသီးနှံရွေးချယ်မှု ၊ ထုတ်လုပ်မှုစနစ်များနှင့် ထွန်ယက်နိုင်သည့် မြေများအပေါ် ကန့်သတ်ခြင်းသည်အသေးစားလုပ်ကိုင်သူများအတွက် မတူညီသောပတ်ဝန်းကျင်ကို ဖန်တီး ပေးသည်။ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ၏အခန်း(၄)တွင် အစိုးရ၏ခွင့်ပြုချက်မရဘဲ အခြားသီးနှံစိုက်ပျိုးခြင်းနှင့် ထွန်ယက်ခြင်းတို့ကိုတားမြစ်ထားသည်။ အခန်း(၁၀)သည် အခြားသီးနှံများစိုက်ပျိုးရန်အတွက် ခွင့်ပြုချက် လျှောက်ထားရန်လိုအပ်သည်။ ထို့အပြင်အခန်း(၁)တွင်ဖော်ပြထားသော လယ်ယာမြေနှင့်ပတ်သက်၍ ကန့်သတ် ထားသောအဓိပ္ပါယ်ဖွင့်ဆိုချက် သည် အလွန်ရှုပ်ထွေးသည့် မြေယာခွဲခြားမှုစနစ်နှင့် အတူမည်သည့် ထုတ်လုပ်မှုစနစ်များကိုကျင့်သုံးနိုင်သည်တို့ကိုလည်းကန့်သတ်ထား၍ မွေးမြူရေးလုပ်ငန်းနှင့် အခြေခံ ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အခက်အခဲများကိုဖြစ်ပေါ်စေသည်။ ဤတားမြစ်ချက်များနှင့် ပတ်သက်၍ အဘယ်အရာများရှိနေသည်ကိုပိုမိုနားလည်နိုင်ရန်အတွက် ဤအစီရင်ခံစာ အကျဉ်းချုပ်တွင် စိုက်ပျိုးမြေအသုံးပြုမှုလွတ်လပ်ခွင့် ၊ စီးပွားရေးဆိုင်ရာပြသနာများ၊ အပြည်ပြည်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားမှုများနှင့် ရာသီဥတုပြောင်လဲမှုဆိုင်ရာပြသနာများကိုဆန်းစစ်ခြင်းတို့ကိုထည့်သွင်းဖော်ပြထားသည်။ ထို့နောက်၎င်းသည် သီးနှံရွေးချယ်ခြင်း၏ မြေယာပိုင်ဆိုင်မှုလုံခြုံရေး အကျိုးကျေးဇူးများနှင့် သီးနှံမျိုးစုံ၏ စိုက်ပျိုးရေးအကျိုးကျေးဇူးများအပြင် ဥပဒေရေးရာနှင့် ဂေဟစနစ်ဆိုင်ရာကိစ္စရပ်များအပါအဝင် စီးပွားရေး ကိစ္စရပ်များတိုးတက်ရေးနှင့်သီးနှံရွေးချယ်ခြင်းအခွင့်အရေးတို့ကိုလေ့လာထားသည်။ တတိယအချက်မှာ ထွန်ယက်ခြင်းနှင့်ပတ်သက်သည့် စီးပွားရေးအကျိုးသက်ရောက်မှုများအပြင် ယဉ်ကျေးမှု ၊ ဥပဒေရေးရာနှင့် ဂေဟစနစ်ဆိုင်ရာပြသနာများပြန်လည်လေ့လာခဲ့ပြီး ထွန်ယက်ရန်ုအခွင့်အရေးအတွက် အခြေခံအချက်များကို ဆန်းစစ်ခဲ့သည်။ ကောက်ပဲသီးနှံများကိုရွေးချယ်ခြင်း၊ မည်သည့်စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်ခြင်းနှင့် လယ်ယာမြေများ ကို သိမ်းယူခြင်းသည် လယ်သမားများအတွက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ကုန်ထုတ်စွမ်းအားကို အကျိုးရှိစေသည်ဟု ကောက်ချက်ချပြီး နောက်စာတမ်းသည် အကြံပြုထားသည့်လယ်ယာ မြေဥပဒေကိုပြင်ဆင်ခြင်းနှင့် မြေယာငယ်များအသုံးချမှုအပေါ် ကန့်သတ်ချက်ပုံစံ(၇)မှ သက်သက်ရောက်မှုများ အားဖော်ပြထားသည်။ အဆိုပြုချက်များအားပြင်ဆင်သည့်ဤဆွေးနွေးမှုသည် ၂၀၁၆ အမျိုးသားမြေအသုံးချမှု မူဝါဒ(NLUP) ၏ အစိတ်အပိုင်းများတွင် ကောက်ယူထားပြီး ကောက်ပဲသီးနှံရွေးချယ်ခြင်းနှင့် ထွန်ယက်ခြင်းအပေါ် ကန့်သတ်ချက်များအပြင် အမျိုးသမီးများနှင့် ဓလေ့ထုံးတမ်းဆိုင်ရာအသုံးပြုသုများ၏ အခွင့်အရေးကို သက်ရောက်သော အခြားလယ်ယာမြေဥပဒေ၏ အကြောင်းအရာများကိုအခြေခံသည်။ဤ အကြံပြုချက်များသည် ဥပဒေ၏အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များကိုချိုးဖောက်ခြင်းနှင့် လယ်ယာမြေဥပဒေနှင့်ဆန့်ကျင်သော အလေ့အကျင့်များအားခြုံငုံသုံသပ်ခြင်းအားဖြင့် ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်များကိုပယ်ဖျက်ရန် အတွက် အကြံပြုချက်များနှင့်အတူ နိဂုံးချုပ်ထားသည်။

Resource's languages