Skip to content

Additional Information

Field Value
Last updated 2020၊ 12 ဖေဖော်ဝါရီ
Created 2020၊ 12 ဖေဖော်ဝါရီ
ပုံစံ PDF
လိုင်စင် License not specified
အမည် သထ္ထုတူးဖော်မှုကဏ္ဏဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ် လမ်းညွှန်ချက်များ
ဖော်ပြချက်

သထ္ထုတူးဖော်မှုကဏ္ဏဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ်တွင် အောက်ပါ လမ်းညွှန်ချက်များပါဝင်ပါသည်။

ဓာတ်သထ္ထုရှာဖွေရေး - ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လမ်းညွှန်ချက်များ

သထ္ထုတူးဖော်ရေးကဏ္ဏ - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာလမ်းညွှန်ချက်များ

သထ္ထုတူးဖော်မှုကဏ္ဏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေး (EIA) လုပ်ငန်းစဉ်ဆိုင်ရာနည်းစနစ်လမ်းညွှန် ချက်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေး (EIA) လုပ်ငန်းစဉ်ဆိုင်ရာ စာရွက်စာတမ်းများ ပြန်လည်သုံးသပ်၊ စစ်ဆေးရေး လမ်းညွှန်

သထ္ထုတူးဖော်ရေးစီမံကိန်းတစ်ခုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ပြင်ဆင်ရေး လုပ်ငန်းလမ်းညွှန်ချက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု စောင့်ကြည့်စစ်ဆေးရေး လမ်းညွှန်ချက်

စီမံကိန်းအကောင်အထည်ဖော်ဆောင်သူများနှင့် ၎င်းတို့၏အကြံပေးများသည် ၎င်းတို့အဆိုပြုထားသည့် စီမံကိန်းနှင့် ဆီလျော်မှုအရှိဆုံးလမ်းညွှန်ချက် (သထ္ထုရှာဖွေရေး (သို့မဟုတ်) သထ္ထုတွင်းအသစ်များ (သို့မဟုတ်) လက်ရှိတူးဖော်နေသော သထ္ထုတွင်းများ ဆိုင်ရာ လမ်းညွှန်ချက်) ကိုရွေးချယ်သင့်ပါသည်။ ထိုသို့ရွေးချယ်ပြီးနောက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (EIA) အစီရင်ခံစာ ဖော်ထုတ်ရေးဆွဲ ရာတွင် သထ္ထုတွင်းကဏ္ဏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးနည်းစနစ်ဆိုင်ရာ အသေးစိတ်လမ်းညွှန် ချက်များကို ရည်ညွှန်းကိုးကား၊ အသုံးပြုသင့်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD) ဝန်ထမ်းများနှင့် အကြံပေးများ ၊ ဌာနများအကြား ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ရေး သီးခြားလွတ်လပ်သည့် ကော်မတီဝင်များအပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှု စစ်ဆေးသုံးသပ်သူများအနေဖြင့် သထ္ထုတွင်းကဏ္ဏဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေး စာရွက် စာတမ်းများ စစ်ဆေးသုံးသပ်ရေးလမ်းညွှန်ချက်ကို ရည်ညွှန်းကိုးကားသင့်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ် (ECC) များကို ပြင်ဆင်ရန် တာဝန်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD) ဝန်ထမ်းများအနေဖြင့် သထ္ထုတူးဖော်ရေးစီမံကိန်း တစ်ခုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ပြင်ဆင်ရေး လုပ်ငန်းလမ်းညွှန်ချက်ကို ရည်ညွှန်းကိုးကားသင့်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD) ဝန်ထမ်းများနှင့် သထ္ထုတူးဖော်ရေးကုမ္ပဏီများ၏ လူမှု/ပြည်သူ့ ဆက်ဆံရေးဆိုင်ရာဝန်ထမ်းများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းလမ်းညွှန်ချက်ကို ရည်ညွှန်းကိုးကားသင့်ပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား