Skip to content

Additional Information

Field Value
Last updated 2020၊ 5 ဖေဖော်ဝါရီ
Created 2020၊ 5 ဖေဖော်ဝါရီ
ပုံစံ PDF
လိုင်စင် License not specified
အမည် မြန်မာ့သစ်တောဥပဒေ (၁၉၉၂)
ဖော်ပြချက်

ဤဥပဒေကို အောက်ဖော်ပြပါ အခြေခံမူများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရမည်။

(က) အစိုးရ၏ သစ်တောဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရန် (ခ) အစိုးရ၏ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရန် (ဂ) အစိုးရ၏ သစ်တောဆိုင်ရာမူဝါဒနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုကဏ္ဏကို အားပေးမြှင့်တင် ရန် (ဃ) နိုင်ငံတော်၏ စီးပွါးရေးကဏ္ဏကို တိုးတက်ဖွံ့ဖြိုးစေရန် ၊ ပြည်သူလူထု၏ အစားအစာ ၊ အဝတ်အထည်နှင့် အမိုးအကာ ၊ နေရာထိုင်ခင်းလိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးနိုင်ရန်နှင့် သစ်တောများကို ကာကွယ် ၊ ထိန်းသိမ်း ၊ စောင့်ရှောက်ခြင်းဖြင့် ထာဝစဉ်တည်တံ့ ၊ ခိုင်မြဲသော အကျိုးကျေးဇူးများ ရရှိ ၊ ခံစားနိုင်စေရန် (င) သစ်တောများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များနှင့်အညီ အကောင်အထည်ဖော် ၊ ဆောင်ရွက်ရန် (စ) သစ်တောများနှင့် ဇီဝမျိုးစုံ ၊ မျိုးကွဲများ ထိခိုက်ပျက်စီးမှု၊ တောမီးလောင်ကျွမ်းမှု ၊ အင်းဆက်ပိုးမွှားများပြန့်ပွါးမှုနှင့် သစ်ပင်အနာရောဂါဖြစ်ပွါးမှု အန္တရာယ်များကို ကာကွယ်တားဆီးနိုင်စေရန် (ဆ) သဘာဝသစ်တောများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သစ်တောစိုက်ခင်းများ ပြုစု ၊ တည်ထောင်ခြင်း လုပ်ငန်းစဉ်များကို တစ်ပြိုက်နက် အကောင်အထည်ဖော် ၊ ဆောင်ရွက်ရန် (ဇ) နိုင်ငံ၏ လောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးနိုင်ရန်

Resource's languages
  • အင်္ဂလိပ်ဘာသာစကား