Skip to content

Additional Information

Field Value
Last updated 2020၊ 16 ဒီဇင်ဘာ
Created 2020၊ 16 ဒီဇင်ဘာ
ပုံစံ PDF
လိုင်စင် License not specified
အမည် ရခိုင်ပြည်နယ်တွင်မှီတင်းနေထိုင်သည့်ဒေသခံပြည်သူများ၊ ရခိုင်ပြည်နယ်သို့လာရောက်သည့် ခရီးသွား များနှင့် ခရီးပြည်နယ်မှ ပြန်လည်ထွက်ခွါသည့်ခရီးသွားများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ် အသိပေးကြေညာချက်(၂၀၂၀ ဩဂတ် ၂၂ )
ဖော်ပြချက်

ရခိုင်ပြည်နယ်တွင်မှီတင်းနေထိုင်သည့်ဒေသခံပြည်သူများ၊ ရခိုင်ပြည်နယ်သို့လာရောက်သည့် ခရီးသွား များနှင့် ခရီးပြည်နယ်မှ ပြန်လည်ထွက်ခွါသည့်ခရီးသွားများအနေဖြင့် အောက်ဖော်ပြပါ အကြံပြုချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာအပ်ပါသည်။

(က) စစ်တွေမြို့နယ်တွင်မှီတင်းနေထိုင်သည့်ပြည်သူများအနေဖြင့် “မိမိတို့နေအိမ်၌သာနေထိုင်ခြင်း အစီ အစဉ် (Stay - Home Program)နှင့်အညီ (၂၀၂၀) ဩဂတ်လ (၂၀) မှ စတင်လိုက်နာဆောင်ရွက် ကြရပါမည်။

(ခ) “မိမိတို့နေအိမ်၌သာနေထိုင်ခြင်းအစီအစဉ် (Stay - Home Program) တွင်ပါဝင်သည့် ပြည်သူများ အတွက် လိုအပ်သည့်ခွင့်ပြုချက်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကသာ ပေးအပ်ရမည်ဖြစ်ပါသည်။

(ဂ) “မိမိတို့နေအိမ်၌သာနေထိုင်ခြင်း အစီ အစဉ် (Stay - Home Program) တွင်ပါဝင်သည့်မြို့နယ်များမှ ကားလမ်းခရီးဖြင့် ထွက်ခွါလာသူများသည် အသွားအလာကန့်သတ်ခြင်း (Quarantine) အစီအစဉ်ကို (၁၄) ရက်လိုက်နာကြရပါမည်။

(ဃ) (၂၀၂၀) ဩဂတ်လ (၂၀) ရက်နေ့မှစတင်၍ စစ်တွေမှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် လာရောက် သူများသည် (Facility Quarantine) အစီအစဉ်ကို (၁၄) ရက်လိုက်နာကြရပါမည်။

(င) နိုင်ငံခြားတိုင်းပြည်များမှ ခရီးသွားများအနေဖြင့် ရခိုင်ပြည်နယ်သို့ မလိုအပ်ပဲ ခရီးသွားရောက်ခြင်း မပြုရန် အကြံပြုထားပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား