Skip to content

Additional Information

Field Value
Last updated 2020၊ 10 ဇန်နဝါရီ
Created 2020၊ 10 ဇန်နဝါရီ
ပုံစံ PDF
လိုင်စင် License not specified
အမည် သစ်တောကာဗွန်ထုတ်လွှတ်မှုပမာဏ (FRL) သတ်မှတ်သည့်လုပ်ငန်းစဉ် အစီရင်ခံစာ (စိစစ်ပြင်ဆင်ပြီး)
ဖော်ပြချက်

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံဆုံးဖြတ်ချက် အမှတ် (12/CP.17) အရ မြန်မာနိုင်ငံ သည် သစ်တောကာဗွန်ထုတ်လွှတ်မှုပမာဏ (FRL) သတ်မှတ်သည့်လုပ်ငန်းစဉ် အစီရင်ခံစာကို အဆင့် လိုက် ပြင်ဆင်ဖော်ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် သစ်တောကာဗွန်ထုတ်လွှတ်မှုပမာဏ (FRL) သတ်မှတ်သည့်လုပ်ငန်းစဉ်ဆိုင်ရာ ကနဦးအစီရင်ခံစာကို (၂၀၁၈) ဇန်နဝါရီလတွင် တင်သွင်းခဲ့ပြီး ယခု တင်သွင်းသည့် အစီရင်ခံစာမှာ “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ်မူဘောင်” (UNFCCC) စိစစ်အကဲဖြတ်ရေးအဖွဲ့မှ ပြင်ဆင်တည်းဖြတ်ထားခြင်းဖြစ်ပါသည်။ သစ်တောကာဗွန် ထုတ် လွှတ်မှုပမာဏ (FRL) သတ်မှတ်သည့်လုပ်ငန်းစဉ်သည် ရာသီဥတုပြောင်းလဲမှုကိုလျော့ချနိုင်ရန်အတွက် “သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှုတို့မှဖြစ်ပေါ်လာသည့် ကာဗွန်ထွက်ရှိမှု ပမာဏကိုလျော့ချမှု ၊ သစ်တောများထိန်းသိမ်းစောင့်ရှောက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စီမံခန့်ခွဲမှု၊ သစ်တောကာဗွန်သိုလှောင်နိုင်မှုပမာဏကိုမြှင့်တင်မှု စသည့် ကုလသမဂ္ဂအစီအစဉ်” (UN - REDD) ဆိုင်ရာလုပ်ငန်းစဉ်များ စွမ်းဆောင်နိုင်မှုအတိုင်းအတာကို အကဲဖြတ်သုံးသပ်သည့် စံပေတံဖြစ်ပါသည်။ သစ်တောကာဗွန်ထုတ်လွှတ်မှုပမာဏ (FRL) သတ်မှတ်သည့်လုပ်ငန်းစဉ် အစီရင်ခံစာတင်သွင်းခြင်း၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံအမျိုးသားအဆင့် လုပ်ငန်းစဉ်မူဘောင်အောက်ရှိ ရာသီဥတုပြောင်းလဲ မှုလျော့ချရေး အားထုတ်ကြိုးပမ်းမှုများကို ပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား