Skip to content

Additional Information

Field Value
Last updated 2020၊ 12 ဖေဖော်ဝါရီ
Created 2020၊ 12 ဖေဖော်ဝါရီ
ပုံစံ PDF
လိုင်စင် License not specified
အမည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (၂၀၁၆/၁၇ - ၂၀၃၅/၃၆)
ဖော်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီ အစဉ် (FDIPP) ကို (၂၀၁၄) တွင် သတ်မှတ်ဖော်ထုတ်ခဲ့ပါသည်။ မကြာသေးမီကာလများက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (FDIPP) ကို အောက်ဖော်ပြပါလိုအပ်ချက်များနှင့် ယှဉ်တွဲ ၍ စစ်ဆေးသုံးသပ်ခဲ့ပါသည်။

(၂၀၁၆) ခုနှစ်တွင်ထုတ်ပြန်ကြေညာခဲ့သည့် ရင်းနှီးမြုပ်နှံမှုမူဝါဒ၊ နှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် အထူးစီးပွါးရေးဇုန်ဥပဒေအောက်ရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုစနစ်အသစ်တို့နှင့် ကိုက်ညီမှုအခြေအနေ

မြန်မာနိုင်ငံ၏စီးပွါးရေးလုပ်ငန်းရပ်ဝန်း ထပ်မံဖွံ့ဖြိုးတိုးတက်မှု အခြေအနေ

ပြည်တွင်းနှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဏနှစ်ရပ်လုံးကို မြှင့်တင်နိုင်သည့်အခြေအနေ

(၂၀၁၆) ရင်းနှီးမြုပ်နှံမှုမူဝါဒနှင့်အညီ တာဝန်ယူမှု ၊ တာဝန်ခံမှုနှင့်အရည်အသွေးရှိသော ရင်းနှီးမြုပ်နှံမှု အခြေအနေ

မြန်မာနိုင်ငံအတွင်းသို့ မကြာသေးမီကာလများအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမြင့်တက်လာခြင်း အပေါ် တုန့်ပြန်ဖြည့်ဆည်းနိုင်မှုအခြေအနေ

ရင်းနှီးမြုပ်နှံမှုမြင့်တက်စေရန် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ထပ်မံအဆိုပြုချမှတ်နိုင်မှု အခြေအနေ

အဆိုပါအချက်များအပေါ်အခြေခံ၍ သုံးသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကဏ္ဏပေါင်းစုံပါဝင်သော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၁၁ - ၂၀၃၀) ၊ နှင့် (၂၀၁၆) ရင်းနှီးမြုပ်နှံမှုမူဝါဒတို့နှင့် တစ်ပြေးညီ ဖြစ်စေရန်အတွက် ပြည်တွင်းရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအစီအစဉ် တို့ကို အစီအစဉ်တစ်ရပ်တည်းအဖြစ်ပေါင်းစည်းကာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (FDIPP) ကို ပြင်ဆင်ဖြည့်စွက်၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးအစီအစဉ် (MIPP) ဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား