Skip to content

Additional Information

Field Value
Last updated 2019၊ 19 နိုဝင်ဘာ
Created 2019၊ 19 နိုဝင်ဘာ
ပုံစံ PDF
လိုင်စင် License not specified
အမည် မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)
ဖော်ပြချက်

အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁) ရေးဆွဲမှုသည် လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှုလမ်းစဉ်ကို ထိရောက်စွာဦးတည်ရာတွင် လိုအပ်သောကောင်းမွန်မှန်ကန်သည့် ကျန်းမာရေး စနစ်လမ်းကြောင်းသစ်ကို လျှောက်လှမ်းနိုင်မည့်အခွင့်အရေးများအား တင်ပြဖော်ထုတ် ထားခြင်းဖြစ်သည်။ ယခုစီမံကိန်းသည် ရေးဆွဲဖော်ထုတ်ခြင်းလုပ်ငန်းစဉ်အနေနှင့်လည်းကောင်း၊ ဖြန့်ကျက် ရှုမြင်သည့် ဘောင်အကျယ်အဝန်းအားဖြင့်လည်းကောင်း ယခင်ကျန်းမာရေးစီမံကိန်းများနှင့် မတူကွဲပြားမှုများ ရှိပါသည်။ စီမံကိန်းရေးဆွဲဖော်ထုတ်ရာတွင် ကျန်းမာရေးကဏ္ဍအတွင်းရှိ စိတ်တူကိုယ်တူ အဖွဲ့အစည်းများစွာနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များက တက်ကြွစွာပါဝင်ရေးဆွဲခဲ့သည်။ စီမံကိန်း၏သရုပ်သကန်အနေဖြင့် ကျေးလက်ဒေသ ဖြစ်သော မြို့နယ်နှင့်အောက်အဆင့်များရှိ ပြည်သူလူထုတစ်ရပ်လုံးအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပုံစံဖြင့် လူတိုင်းလက်လှမ်းမီရရှိရေးကို ဦးတည် ထားပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ပြင်ပမှ ကျန်းမာရေးစောင့်ရှောက်မှုပေးသော အဖွဲ့အစည်းများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို အထူးတလည် ထည့်သွင်းစဉ်းစားသည့် အပြင် ရှေးရိုးစွဲ အထက်မှအောက်သို့စီးဆင်းသည့် စီမံကိန်းမျိုးကိုရှောင်လွှဲ၍ အားလုံးပူးပေါင်းပါဝင်သော အခြေအနေမှန်ကို ထင်ဟပ်သော စီမံကိန်းဖြစ်စေပြီး ကျန်းမာရေးစနစ်ခိုင်မာတောင့်တင်းရေးကို အထူအလေးပြု၍ ဘက်စုံထောင့်စုံ ရေးဆွဲဖော်ထုတ်ထားသည် ကိုတွေ့ရပါသည်။ ခိုင်မာတောင့်တင်းသော အမျိုးသားကျန်းမာရေး စီမံကိန်း တစ်ရပ်တည်ရှိမှုသည် ပြည်သူလူထု၏ကျန်းမာရေးအခြေအနေတိုးတက်လာရေးဟူသော ကျွနုပ်တို့၏ ရည်ရွယ်ချက်ကိုပြည့်ဝစေရန် အရေးကြီးသည့် အုပ်မြစ်တစ်ခုဖြစ်သော်လည်းထိုစီမံကိန်းကို လက်တွေ့ အကောင် အထည်ဖော်ဆောင်ရန်အတွက် နှစ်အလိုက်လုပ်ငန်းစီမံကိန်းများကို ပြည်သူလူထု၊လူထုအခြေပြု အဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲအကောင်အထည်ဖော်ရင်းအနီးကပ်စောင့်ကြည့်သွားမည်ဖြစ်သည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား