Skip to content

Additional Information

Field Value
Last updated 2018၊ 11 ဇူလိုင်
Created 2018၊ 11 ဇူလိုင်
ပုံစံ PDF
လိုင်စင် CC-BY-3.0-IGO
အမည် စာတမ်းဖတ်ပွဲဆိုင်ရာ အစီရင်ခံစာ - မြန်မာနိုင်ငံတွင် တိုးတက်ဖြစ်ထွန်းလာနေသော ပထဝီဝင် (မြေမျက် နှာသွင်ပြင်၊ တည်နေရာ၊ နယ်နမိတ်) ဆိုင်ရာနည်းပညာရပ်များ ကျွမ်းကျင်မှုလိုအပ်ချက်များအတွက် စွမ်းဆောင်ရည်မြင့်တက်လာစေရန် တည်ဆောက်ပေးခြင်း
ဖော်ပြချက်

မြန်မာနိုင်ငံ သတင်းအချက်အလက်စီမံခန့်ခွဲမှုဌာန (MIMU)သည် “ မြန်မာနိုင်ငံတွင် တိုးတက်ဖြစ်ထွန်း လာနေသော ပထဝီဝင် (မြေမျက် နှာသွင်ပြင်၊ တည်နေရာ၊ နယ်နမိတ်) ဆိုင်ရာနည်းပညာရပ်များ ကျွမ်းကျင်မှုလိုအပ်ချက်များအတွက် စွမ်းဆောင်ရည်မြင့်တက်လာစေရန် တည်ဆောက်ပေးခြင်း” နှင့် ပတ်သက်၍ (၂) ရက်ကြာမြင့်သည့် စာတမ်းဖတ်ပွဲကို (၂၀၁၈) တွင်စီစဉ်ကျင်းပခဲ့ပါသည်။ စာတမ်း ဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လက်ရှိပေါ်ပေါက်နေသည့် ပထဝီဝင်နည်းပညာ ရပ်များဆိုင်ရာ ကျွမ်းကျင်မှုများ၊ ကွာဟချက်များနှင့် အနာဂတ် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ လိုအပ်ချက်များ ကို ထင်ဟပ်ပေါ်လွင်နိုင်စေရန်ဖြစ်ပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲသို့ တက္ကသိုလ် (၂၇) ခု၊ အစိုးရဌာန (၁၉) ခု၊ ပုဂ္ဂလိက ကုမ္ပဏီ (၁၅) ခုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (၁၈) ခုတို့မှ ပုဂ္ဂိုလ် (၁၂၇) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ နယ်သာလန်၊ ထိုင်းနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံတကာ တက္ကသိုလ် (၃) ခုတို့မှလည်း ၎င်းတို့၏ အတွေ့အကြုံများနှင့် သင်ခန်းစာများကို မျှဝေရန်အတွက် အဆိုပါ စာတမ်းဖတ်ပွဲသို့ ပါဝင်အားဖြည့်ခဲ့ကြပါသည်။ အဆင့်မြင့်ပညာရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှုးချုပ် ဦးနေဝင်းဦးမှ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ စာတမ်းဖတ်ပွဲပထမနေ့တွင် တိုးတက် ဖြစ်ထွန်းလာသည့် ပထဝီဝင်ပညာရပ်ဆိုင်ရာ နည်းပညာများနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းကျွမ်းကျင်မှု များကို ဦးတည်ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့တွင် အနာဂတ်ကာလ စွမ်းရည်ပြည့်ဝမှု လိုအပ်ချက်များ အတွက် ပထဝီဝင်နည်းပညာရပ်ဆိုင်ရာ သင်တန်းဆရာများနှင့် ကျွမ်းကျင်ပညာရှင်များက အကောင် အထည်ဖော်ဆောင်သင့်သည့် ခြေလှမ်းများကို အဓိက အကြံပြုဆွေးနွေးခဲ့ကြပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား