Skip to content

Additional Information

Field Value
Last updated 2017၊ 27 မတ်
Created 2017၊ 27 မတ်
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် နိုင်ငံသားအားလုံးလျှပ်စစ်ဓာတ်အားရရှိရေးကိုဦးတည်သည့်မြန်မာနိုင်ငံ နိုင်ငံတော်/ အမျိုးသားအဆင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာစီမံကိန်း (၂၀၁၅- ၂၀၃၀)
ဖော်ပြချက်

မြန်မာနိုင်ငံသည်အရှေ့တောင်အာရှဒေသတွင်လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုအနည်းဆုံးနိုင်ငံဖြစ်ပါသည်။လျှပ်စစ်ဓာတ်အားချို့တဲ့မှုကြောင့်ပြည်သူလူထုအနေဖြင့် လျှပ်စစ်စွမ်းအင်အပေါ်အားထားမှီခိုနိုင်မှု လျှော့နည်းလျှက်ရှိပါသည်။မြန်မာအစိုးရသည်ကမ္ဘာ့ဘဏ်နှင့်ကုလသမဂ္ဂတို့မှကမကထပြုဆောက်ရွက်လျှက်ရှိသောကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲသောလျှပ်စစ်စွမ်းအင်ဖြည့်ဆည်းမှုကနဦးခြေလှမ်းများအစီအစဉ်၏အကူအညီကိုလျှပ်စစ်စွမ်းအား၀န်ကြီးဌာနနှင့်မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနများမှတဆင့်ရယူလျှက် နိုင်ငံတော်/ အမျိုးသားအဆင့်လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာစီမံကိန်းကိုပြင်ဆင်ဆောင်ရွက်လျှက်ရှိပါသည်။အဆိုပါစီမံကိန်းတွင်၂၀၃၀ မတိုင်မီပြည်သူအားလုံးလျှပ်စစ်ဓာတ်အားရရှိနိုင်ရန်ရည်ရွယ်၍နယ်မြေဒေသများအလိုက်ကုန်ကျစရိတ်အနည်းဆုံး ဓာတ်အားပေးလိုင်းများတည်ဆောက်မှုစီမံချက်များနှင့်လိုအပ်သောအဆင့်လိုက်ရင်းနှီးမြုပ်နှံမှု ဆိုင်ရာအလားအလာများကိုဖော်ပြထားပါသည်။NEP ကို အစိုးရမှလက်ရှိပြင်ဆင်လျှက်ရှိသောစွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာမဟာဗျူဟာမြောက်စီမံကိန်းနှင့်ထိရောက်စွာချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးထောက်ပံ့သည့်အဖွဲ့အစည်းများကြားတွင်တာဝန်ယူမှုတာဝန်ခံမှုပြည့်ဝစွာဖြင့်အချိန်နှင့်တပြေးညီချိတ်ဆက်ဆောင်ရွက်နိုင်ရန်လိုအပ်သောအဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုလည်းအဆိုပါအစီရင်ခံစာတွင်အကြံပြုတင်ပြထားပါသည်။ ထို့သို့စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာလမ်းပြမြေပုံကို တပြေးညီချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အစိုးရအနေဖြင့်၎င်း၏အမိန့်အာဏာဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုနှင့်အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များကိုကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား