Skip to content

Additional Information

Field Value
Last updated 2017၊ 6 ဒီဇင်ဘာ
Created 2017၊ 6 ဒီဇင်ဘာ
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် (၂၀၁၃ခုနှစ်ဧပြီလမှ ၂၀၁၄ခုနှစ်မတ်လအထိ) ကာလအတွက် တွင်းထွက်သယံဇာတထုတ်ယူရေးပွင့်လင်းမြင်သာမှုအစီရင်ခံစာ
ဖော်ပြချက်

မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတထုတ်လုပ်မှုလုပ်ငန်း ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကို ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်း၌ သမ္မတ၏ညွှန်ကြားချက်အရ စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် EITI ကိုယ်စားလှယ် နိုင်ငံအဖြစ် EITI ဘုတ်အဖွဲ့သို့လျှောက်လွှာတင်ခဲ့သည်။ ၂၀၁၄ခုနှစ်အစောပိုင်းတွင် မက္ကဆီကို နိုင်ငံ၌ ကျင်းပသော ၂၇ကြိမ်မြောက် အစည်းအဝေးတွင် EITI ဘုတ်အဖွဲ့မှ မြန်မာနိုင်ငံအား အဖွဲ့ဝင် ကိုယ်စားလှယ်နိုင်ငံ အဖြစ်အတည်ပြုခဲ့ပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီလ မတိုင်မီ ပထမဆုံးသော EITI အစီရင်ခံစာကို တင်ပြရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၇ခုနှစ်ဇန်နဝါရီလအထိ EITI တင်ပြချက်အခြေအနေအရ လိုအပ်ချက်(၇)ခုကိုဖြည့်ဆည်းပေးခဲ့သည်။ ၂၀၁၄ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် Multi-Stakeholder Group (MSG) ကိုဖွဲ့စည်း၍မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံတွင် EITI အကောင်အထည်ဖော်မှု လုပ်ငန်းများကို စောင့်ကြည့်ခဲ့သည်။ MSG တွင် အစိုးရ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စာလှယ် (၂၁)ဦးပါဝင်ခဲ့သည်။ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကိုအစီရင်ခံခြင်း၊ အချက်အလက်များ ယူဆောင် လာခြင်းနှင့် ဆက်သွယ်ခြင်းနှင့် လုပ်ငန်းစီမံချက်နှင့် အုပ်ချုပ်မှုတို့အတွက် ကော်မတီခွဲ (၃)ခုကို ထူထောင်ထားသည်။ MSG အဖွဲ့ဝင်အဖြစ်အသေးစိတ်ကို MSG3 ထူထောင်သည့် အစိုးရအသိပေးကြေငြာချက် တွင် ရရှိနိုင်သည်။ ဤအရာသည် မြန်မာနိုင်ငံ၏ ပထမဆုံး တွင်းထွက်သယံဇာတထုတ်လုပ်မှုလုပ်ငန်း ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အစီရင်ခံစာဖြစ်၍ (၂၀၁၃ခုနှစ်ဧပြီလမှ ၂၀၁၄ခုနှစ်မတ်လအထိ) ကာလအတွင်းရေနံ၊သဘာဝဓာတ်ငွေ့နှင့်သတ္ထုတွင်းကဏ္ဍတို့အပေါ် အခြေခံ၍ရေးသားထားခြင်းဖြစ်သည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား