Skip to content

Additional Information

Field Value
Last updated 2019၊ 21 ဖေဖော်ဝါရီ
Created 2019၊ 21 ဖေဖော်ဝါရီ
ပုံစံ HTML
လိုင်စင် Creative Commons Attribution
အမည် ပြောင်းလဲနေသည့်မြေမျက်နှာအသွင်အပြင်၌ မြေယာဖုံးလွှမ်းမှုတို့အားအုပ်ချုပ်မှုတို့ကို စုံစမ်းစစ်ဆေးရန် သရုပ်ခွဲမူဘောင်များပေါင်းစပ်ခြင်း
ဖော်ပြချက်

အုပ်ချပ်မှုအပြောင်းအလဲများ- တည်ငြိမ်သောအစိုးရများအကြားရေရှည်လျှင်မြန်စွာအကူးအပြောင်းတို့သည် ဂေဟစနစ်တွင် ကောင်းစွာမှတ်တမ်းတင်ထားသော်လည်း မြေယာအသုံးပြုမှုနှင့်ဖုံးလွှမ်းမှု ပြောင်းလဲခြင်း(LUCC) တို့တွင် အငြင်းပွားဖွယ်ရာများဖြစ်စေပြီးလေ့လာထားရသည်။ အထူးသဖြင့် မရေရာမှုသည် ပျံ့နှံ့လျှက်ရှိပြီး တောတောင်ရေမြေအဆင့်တွင် အုပ်ချုပ်မှုကိုပြောင်းလဲစေသည်။ ကျွနုပ်တို့သည် LUCC ပြောင်းလဲနေသော တနင်္သာရီတိုင်းဒေသကြီးကိုလေ့လာခဲ့ရာ အရှေ့တောင်အာရှရှိ ကျန်ရှိနေသေးသောထင်ရှားသည့် သစ်တော ဧရိယာများထဲမှတစ်ခုအပါအဝင်ဖြစ်သော်လည်း ၁၉၉၂မှ ၂၀၁၅ခုနှစ်အတွင်း အကြီးအကျယ် သစ်တော ပြုန်းတီးမှုဖြစ်ခဲ့သည်။ အဝေးသို့ပြန်လည်အာရုံခံသောနည်းလမ်းဖြင့် LUCC သို့ဦးတည်သောသမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပေါင်းစပ်ခြင်းဖြင့် အစိုးရ၏သစ်တောဦးစီးဌာနမှ ၁၉၉၇ခုနှစ်မှ ၂၀၀၄ခုနှစ် အတွင်းစိုက်ပျိုးရေးကိုဦးစားပေးသောပြည်နယ်သို့ပြောင်းလဲဖော်ထုတ်ခဲ့သည်။ အစိုးရအပြောင်းအလဲသည် ရှုပ်ထွေးသော နိုင်ငံရေးနှင့်စီးပွားရေးအခြေအနေများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့် စစ်အစိုးရအကြားအပစ်အခတ်ရပ်စဲရေးများကြောင့် ထိုင်းနှင့်တရုတ်နိုင်ငံတို့နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့သည်။အစိုးရ၏မူဝါဒများနှင့် အကြီးစားစိုက်ပျိုးထုတ်လုပ်မှု လုပ်ပိုင်ခွင့်များ တည်ဆောက် ခြင်းကို အထောက်အကူပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စိုက်ပျိုးရေးကို ဦးတည်သည့် စနစ်ကို အားဖြည့်ပေးပြီး မူလသစ်တော ကြီးစိုးမှုစနစ်သို့ ပြောင်းလဲခြင်းကို တားဆီးခဲ့သည်။ ကျွနုပ်တို့၏ မြေယာဖုံးလွှမ်းမှုစနစ် အပြောင်းအလဲများကိုခွဲခြားသိမြင်နားလည်ရန်အတွက် ဖြည့်စွက်ဆန်းစစ်သုံးသပ်မှု မူဘောင်ကို ပေါင်းစပ်ရန် ကျွနုပ်တို့၏ချဉ်းကပ်မှုသည် မူဝါဒချမှတ်သူများအား တနင်္သာရီတိုင်းရှိ အနာဂတ်အစိုးရအပြောင်းအလဲများကိုကြိုတင်ကာကွယ်နိုင်ရန်ကူညီနိုင်ပြီး အခြားဒေသများရှိ မြေယာ ပြောင်းလဲမှု လေ့လာချက်တွင်အသုံးချနိုင်သည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား