Skip to content

Additional Information

Field Value
Last updated 2017၊ 3 စက်တင်ဘာ
Created 2017၊ 3 စက်တင်ဘာ
ပုံစံ PDF
လိုင်စင် CC-BY-3.0-IGO
အမည် မြန်မာနိုင်ငံ စာကြည့်တိုက်ဆိုင်ရာ စစ်တမ်းကောက်ယူမှု
ဖော်ပြချက်

ဤစာကြည့်တိုက်စစ်တမ်းကောက်ယူမှုသည် မြန်မာနိုင်ငံတဝန်းရှိ ပြည်သူ့စာကြည့်တိုက်များကို ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်းလေ့လာသည့် ပထမဆုံးသော လေ့လာတင်ပြမှု လုပ်ငန်းစဉ်ဖြစ်ပါ သည်။ အာရှဖောင်ဒေရှင်းမှ တာဝန်ယူ၍ မြန်မာနိုင်ငံ စာအုပ်စာတမ်းထောက်ပံ့ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်မှုဖောင်ဒေးရှင်း (MBAPF) က မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပါဝင်ဆောင်ရွက်သော ဤစစ်တမ်းကောက်ယူမှုက မြန်မာနိုင်ငံ၏သတင်းအချက်အလက်အဆောက်အအုံ နှင့် လူမှုအဖွဲ့အစည်း ဦးဆောင်ဦးရွက်ပြုမှု ကနဦးခြေလှမ်းအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့စာကြည့်တိုက် စနစ် လက်ရှိရုပ်ပုံလွှာကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာနိုင်စေရန် ရည်ရွယ် ထားပါသည်။ စာကြည့်တိုက်ဆိုင်ရာအခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးစေရန်နှင့် သတင်း အချက်အလက် ကွန်ယက် ဗဟိုချက်အဖြစ် ၎င်းတို့၏အခန်းကဏ္ဏ ပိုမိုမြင့်မားလာစေရန် ဆက်လက် ဆောင်ရွက်ပေးနိုင်သည့် အရာများကျန်ရှိနေသေးသော်လည်း ပြည်သူအများကမူ စာကြည့်တိုက်များ သည် လူမှုအဖွဲ့အစည်း၏ဘဝအပေါ်တွင် သိသာထင်ရှားသော ကောင်းကျိုးများ သက်ရောက်နေသည်ဟု ခဪယူထားကြောင်း ဤလေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဤ စစ်တမ်းကောက်ယူ လေ့လာတွေ့ရှိချက်များကို အစိုးရတာဝန်ရှိသူများ၊ မူဝါဒရေးဆွဲသူများ၊ ပြည်တွင်းနှင့် ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ဒေသခံများအစရှိသည့် အကျိုး စီးပွါး အဓိကပါဝင်ပတ်သက်သူများအကြားတွင် အသိပေးဖြန့်ဝေသွားမည်ဖြစ်ပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား