Skip to content

Additional Information

Field Value
Last updated 2018၊ 14 ဩဂုတ်
Created 2018၊ 14 ဩဂုတ်
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိက္ခနှင့် နေရပ်စွန့်ခွါကြရမှုများက မြေယာအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအပေါ် ရိုက်ခတ်/အကျိုးသက်ရောက်မှု
ဖော်ပြချက်

မြန်မာနိုင်ငံမြောက်ဖက် (ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း) တွင်ဖြစ်ပွါးနေသော လက်နက် ကိုင်ပဋိပက္ခများကြောင့် ကချင်ပြည်နယ်ရှိ နိုင်ငံတွင်းနေရပ်စွန့်ခွါကြရသူများ (IDPs) သည် ခိုလှုံရေးစခန်း များ (IDP Camps) တွင်နေထိုင်ကြရသည်မှာ (၅) နှစ်ကျော်ကြာမြင့်ပြီဖြစ်ပါသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံ တွင်းနေရပ်စွန့်ခွါကြရသူများ (IDPs) အနေဖြင့် မြန်မာနိုင်ံတော်အစိုးရသစ်လက်ထက်တွင် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်း၍ မိမိတို့နေရပ်သို့ ဘေးအန္တရယ်ကင်းရှင်းစွာပြန်နိုင်ကြမည်ဟု မျှော်လင့်ချက်ရှိနေ ဆဲဖြစ်ပါသည်။ သို့ရာတွင် လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပေါ်နေသည့်အပြင် အခြားဆိုးရွား သည့် အခက်အခဲ၊ အကြပ်အတည်းများကလည်း ကချင်ပြည်နယ်ရှိ နိုင်ငံတွင်းနေရပ်စွန့်ခွါကြရသူများ (IDPs) အတွက် မိမိတို့နေရပ်ပြန်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်အစပြုနိုင်ရေးကို ဟန့်တားလျက်ရှိနေပါသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံတွင်းနေရပ်စွန့်ခွါကြရသူများ (IDPs) အနေဖြင့် အောင်မြင်စွာပြန်လည်အခြေချနိုင်ရေးအတွက် မြေယာနှင့် သယံဇာတအသုံးပြုပိုင်ခွင့်အပေါ် ကာကွယ် စောင့်ရှောက်ရေးသည် အဓိကကျသည့်အပြင်မြေယာနှင့် သယံဇာတအသုံးပြုပိုင်ခွင့် ဆိုင်ရာပဋိပက္ခ အလားအလာများ လျော့ပါးသက်သာစေရေးအတွက်လည်း အထူးလိုအပ်ပါသည်။ ဤအစီရင်ခံစာတွင် ကချင်ပြည်နယ်ရှိ မြေယာနှင့် သယံဇာတအသုံးပြုပိုင်ခွင့်နှင့် လုံခြုံစိတ်ချရသော လုပ်ပိုင်ခွင့်ဆိုင်ရာ လက်တွေ့၊ မျက်မြင် စာရင်း၊ ဇယား၊ အချက်အလက်များကို သုတသနပြုတင်ပြထားပါသည်။ ဤအစီရင်ခံ စာတွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အလှုရှင်အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်ရှိ နိုင်ငံတွင်းနေရပ်စွန့်ခွါကြရသူများ (IDPs) မိမိနေရပ်သို့ပြန်လည်ရောက်ရှိရေးမူဝါဒနှင့် အစီအစဉ်များချမှတ်ရာတွင် မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးများ လုံခြုံစိတ်ချရရေးဆိုင်ရာအချက် အလက်များကို အဓိကထား ထည့်သွင်းနိုင်စေရန်အတွက် အထောက်အကူပြုနိုင်သည့် ခြုံငုံသုံးသပ်ချက် များအပြင် လက်တွေ့၊ မျက်မြင်၊ မြေပြင်တွေ့ရှိချက်များကို အခြေပြု၍ အကြံပေးတင်ပြထားပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား