Skip to content

Additional Information

Field Value
Last updated 2018၊ 29 နိုဝင်ဘာ
Created 2018၊ 29 နိုဝင်ဘာ
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် နောက်ဆုံးအစီအရင်ခံစာ- မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍ၏ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကဲဖြတ်လေ့လာချက်
ဖော်ပြချက်

မြန်မာ့ ရေအားလျှပ်စစ်ကဏ္ဍသည် အစောပိုင်းဖွံ့ဖြိုးမှုအဆင့်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအား ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာရလဒ်များနှင့်အတူ ဟန်ချက်ညီအောင်ထိန်းညှိခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးမှု အခွင့်အလမ်းများရှိသည်။ လက်ရှိအခြေအနေတွင် တိုင်းပြည်သည် သမားရိုးကျရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းများနှင့် မြစ်ဝှမ်းဒေသအပေါ်အခြား ဖိအားများကြောင့် အလုံးစုံစုပေါင်းသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သီးခြားစီမံကိန်းများကို ဖော်ထုတ် အတည်ပြုခဲ့ပြီးဖြစ်သည်။ နိုင်ငံများစွာ၌ ဤဖြစ်စဉ်သည် နှစ်ပေါင်း(၅၀)မှ (၁၀၀)အထိ ကျော်လွန်၍ ရေအား လျှပ်စစ်ဆောင်ရွက်ရန် သင့်တော်သည့် အဓိကမြစ်ကြီးမျာနှင့် မြစ်လက်တက်များကိုဖြစ်ပေါ်စေခဲ့သည်။ မြစ်ဝှမ်းဒေသနှင့် ပတ်သက်သည့်ကျန်းမာရေးနှင့် ဆက်စပ်နေသည့် ဂေဟစနစ်ဝန်ဆောင်မှုများအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများစွာတို့ရှိနေခဲ့ပြီး အဆိုပါသက်ရောက်မှုများကို လျှော့ချရန် အခွင့်အလမ်းအနည်းငယ်သာရရှိခဲ့သည်။ မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍ၏ မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအကဲဖြတ်လေ့လာချက် တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးတန်ဖိုးများကို ထည့်သွင်းစဉ်းစားပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အကြံပြုခဲ့သည်။ မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကဲဖြတ်လေ့လာချက်တွင် ကနဦးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းအား သီးခြားစီမံကိန်းများ နှင့်အလှမ်းဝေးသည့် မြစ်ဝှမ်းဒေသ ကျန်းမာရေးလုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသို့ ပြောင်းလဲစီစဉ်ဆောင်ရွက်ရန် အကြံပြုထားသည်။

Resource's languages