Skip to content

Additional Information

Field Value
Last updated 2019၊ 18 နိုဝင်ဘာ
Created 2019၊ 18 နိုဝင်ဘာ
ပုံစံ .pdf
လိုင်စင် Creative Commons Attribution
အမည် ပိုမိုခိုင်မာသောပူပေါင်းဆောင်ရွက်ခြင်း၊ပိုမိုကောင်းမွန်သောကျန်းမာရေး- လူတိုင်းအတွက်ကျန်းမာသောဘဝနှင့်သာယာဝပြောရေးအတွက်ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်မှုစီမံချက်။ ကျန်းမာရေးနှင့်သက်ဆိုင်သည့်ရေရှည်ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များအပေါ်တိုင်ပြည်တိုးတက်မှုအရှိန်မြှင့်တင်ရန်ဘက်ပေါင်းစုံအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး။
ဖော်ပြချက်

ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင် (SDG) -၃- သည် ရေရှည်ဖွံဖြိုးမှုအတွက် ၂၀၃၀အစီအစဉ် အပေါ်တိုးတက်မှုရရှိရန် အတွက် အသက်အရွယ်မရွေးလူတိုင်းစေ့ကျန်းမာရေး ကောင်းမွန်မှုနှင့်သုခချမ်းသာကို ရရှိစေရန်ဖြစ်သည်။ ကျန်းမာရေးသည် လူသားအရင်းအနှီး၏ မရှိမဖြစ် လိုအပ်သည့်အစိတ်အပိုင်း တစ်ခုဖြစ်ပြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှု၏ကြိုတင်မှန်းဆရမည့်အခြေအနေ၊တွန်းအားနှင့် ရလဒ်တိုဖြစ်သောကြောင့် SDG -3 သည် SDG များရှိကျန်းမာရေးနှင့်သက်ဆိုင်သည့်ရည်မှန်းချက်(၅၀)နှင့်ချိတ် ဆက်နေပြီး မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရန်အတွက် ကတိကဝတ်များနှင့် လည်းဆက်စပ်နေသည်။ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုစီမံကိန်း၏ယေဘုယျရည်မှန်းချက်သည် ကျန်းမာရေးနှင့်ဆက်စပ်သည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း(၁၂)ခု အကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ချက်များဖြင့် ကျန်းမာရေးနှင့်ဆက်စပ်သော SDG ရည်မှန်းချက်များအပေါ် တိုင်းပြည်တိုးတက်မှု အရှန်မြှင့်တင်ရန် တို့ဖြစ်သည်။ ၂၀၁၈ခုနှစ်အောက်တိုဘာလတွင်ပြုလုပ်ခဲ့သော ကနဦးပူးတွဲကတိဝန်ခံချက်အပေါ် အခြေခံ၍ဖွဲ့စည်းထားသော အဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းလုပ်ဆောင်ချက်တို့အား ကောင်းစေရန်အတွက် ဤစီမံကိန်းသည် နည်းလမ်းအသစ်ကိုတင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်သည် အဓိကအားဖြင့် မဟာဗျူဟာအရ ရည်ရွယ်ထားသော်လည်းတိုးတက်မှုအပေါ်ပုံမှန်ပြန်လည်သုံးသပ်ခြင်းနှင့် အတွေ့အကြုံမှ သင်ယူခြင်းအပေါ်အခြေခံ၍ ညိှနှိုင်းမှုကိုလိုက်လျောညီထွေဖြစ်စေခြင်းဖြင့် အကောင်အထည် ဖော်မှုကို လမ်းညွှန်ရန် လုပ်ငန်းလည်ပတ်မှုအသေးစိတ်အချို့ကိုဖော်ပြထားသည်။ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုစီမံကိန်း၏ ရည်ရွယ်ချက်သည် နောက်ထပ်အရင်းအမြစ်များကိုရှာဖွေရန် ထောက်ပံ့ထားခြင်း မဟုတ်သော်လည်း စီမံကိန်းသည် အဖွဲ့အစည်းတစ်ခုချင်းစီ၌ ကိုယ်ပိုင်ထူးခြားသော လုပ်ပိုင်ခွင့်နှင့် ကျွမ်းကျင်မှုနယ်ပယ်ရှိကြောင်းကို အသိအမှတ်ပြုပြီး ပိုမိုကောင်းမွန်သောပူးပေါင်းလုပ်ဆောင်မှုကြောင့်လက်ရှိ အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာအသုံးချနိုင်လိမ့်မည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား