Skip to content

Additional Information

Field Value
Last updated 2018၊ 3 ဇန်နဝါရီ
Created 2018၊ 3 ဇန်နဝါရီ
ပုံစံ PDF
လိုင်စင် unspecified
အမည် (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ၊ ကချင် ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့နယ်အစီရင်ခံစာ
ဖော်ပြချက်

ဤအစီရင်ခံစာသည် ချီဖွေမြို့နယ်၏ အိမ်ထောင်စုဦးရေနှင့် လူမှုစီးပွားရေး ကိန်းဂဏန်းအချက်အလက် များကို အသေးစိတ်ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်လူဦးရေနှင့် သန်းခေါင်စာရင်းအရ ဤအစီရင်ခံစာသည် မြို့နယ်အဆင့်များအလိုက် အစီရင်ခံမှုများကို ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် မြန်မာ့ လူဦးရေနှင့် အိမ်ထောင်စုစာရင်းကို နှစ်ပေါင်း ၃၀ အတွင်းပထမ ဦးဆုံးအကြိမ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူခြင်းအနေဖြင့် ၂၀၁၄ခုနှစ် မတ်လ (၃၀) မှ ဧပြီလ (၁၀)ရက်နေ့ အထိ UNFPA ၏ ကူညီပံ့ပိုးမှုဖြင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်မှ ဆာင်ရွက်လျက်ရှိသောပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေးလျာထားချက်များနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးစနစ်များအတွက်ရည်သန်လျက် သန်းခေါင်စာရင်းကောက်ခံသူပေါင်း တစ်သိန်း တစ်သောင်းကျော်တို့သည် အိမ်ထောင်စုပေါင်း ၁၂ သန်းကျော်ကို သွားရောက်ပြီး အိမ်ထောင်စုဆိုင်ရာ လူမူရေး၊ စီးပွားရေးနှင့်လူဦးရေအချက်အလက်များကို ကောက်ခံခဲ့ပါသည်။ သုံးသပ်လေ့လာမှုအဆင့် အလိုက် ရရှိလာသောအဖြေများကို အချိန်နဲ့တစ်ပြေးညီ အဆင့်တစ်ခုခြင်းအလိုက် လူထုထံသို့ဖော်ပြ သွားမည်ဖြစ်သည်။ ထပ်မံသိရှိလိုသောသတင်းအချက်အလက်များအတွက် www.dop.gov.mm နှင့် http://myanmar.unfpa.org/census တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Resource's languages
  • ဗမာဘာသာစကား