ဤ shape file သည် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများကိုဖော်ပြထားသည်။ Layer ကို Online ပေါ်ရှိ မြန်မာ့ ပင်လယ် ပြင် သဘာဝမျိုးကွဲများပြမြေပုံမှရရှိထားသည်။ မြေပုံများတွင် မြန်မာနိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာအဏ္ဏဝါဝန်းကျင်၊ သမုဒ္ဒရာဆိုင်ရာပထဝိအနေအထား၊အဏ္ဏဝါကျက်စားရာနေရာများ၊ ဇီဝမျိုးကွဲများနှင့် ငါးဖမ်းလုပ်ငန်းမျာအကြောင်းကို အသေးစိတ်ဖော်ပြထားသည်။ ထို့အပြင် နိုင်ငံ၏ရေပတ်ဝန်းကျင်ကိုပုံဖော်သည့်အခန်းကဏ္ဍ၌ လူတို့၏ လွှမ်းမိုးမှုများသည် အရေးပါသည့်အခန်းကဏ္ဍ တွင်ပါဝင်နေကြောင်းတို့လည်းပါရှိသည်။ ပင်လယ်ပြင် ဇီဝမျိုးကွဲများပြမြေပုံအားစဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် အတွက်ကြောင့် အစိုးရဌာနများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများသည် အချက်အလက် Layers အမျိုးမျိုး အား သက်ဆိုင်ရာ database ဖွဲ့ထားသော online portal မှတစ်ဆင့် ရရှိနိုင်သည်။