မြန်မာနိုင်ငံသည် ဗဟိုချုပ်ကိုင်မှုလျော့ချရေးလုပ်ငန်းစဉ်ကို ဦးတည်နေပြီးဖြစ်သည့်အလျောက် နိုင်ငံသား များ၏ နိုင်ငံရေးနှင့်စီးပွါးရေးဘဝတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏အခန်းကဏ္ဏသည် ပို၍ပို၍ အရေးပါလာနေပြီဖြစ်ပါသည်။ မကြာသေးမီကာလများအတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားအားလုံး ပါဝင်သည့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာတွင် စိန်ခေါ်မှုအခက်အခဲများကို ဆက်လက် ရင်ဆိုင်ကျော်လွှားနေလျက်ရှိပါသည်။ အာရှဖောင်ဒေးရှင်းသည် မြန်မာ့စီးပွားရေး၀န်းကျင်ညွန်းကိန်း (၂၀၂၀) (MBEI) လုပ်ငန်းစဉ်ဒုတိယအပိုင်းအဖြစ် နိုင်ငံတစ်ဝန်းလုံးရှိ စီးပွါးရေးလုပ်ငန်းပေါင်း (၅၆၀၅) ခုကို စစ်တမ်းကောက်ယူခဲ့ပြီးဖြစ်ပါသည်။ (MBEI) အတွက် စစ်တမ်းကောက်ယူမှုလုပ်ငန်းစဉ် အပိုင်း (၂) ခုကို (၂) နှစ်အချိန်ယူ၍ ဆောင်ရွက်ခဲ့သောကြောင့် အဆိုပါအချိန်ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုများကို ခြေရာကောက်နိုင်ရန် ကျွန်ုပ်တို့အတွက် အခွင့်သာစေ ခဲ့ပါသည်။ အာရှဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက် ပြင်ဆင်တည်းဖြတ်သည့် “မြန်မာ့ စီးပွားရေး၀န်းကျင်ညွန်းကိန်း (၂၀၂၀)” (MBEI) အစီရင်ခံစာသည် သက်ဆိုင်ရာ ပြည်နယ် ၊ တိုင်းဒေသကြီး နှင့် မြို့နယ်တာဝန်ရှိသူများ ၊ ဆုံးဖြတ်ချက်ချမှတ်သူများအတွက် ပိုမိုတိကျ ခိုင်မာသော စီးပွါးရေးဝန်းကျင် ဆိုင်ရာ စီမံချက်သွင်ပြင်လက္ခဏာများကို ဖြည့်ဆည်းပံ့ပိုး ပေးနိုင်ရန်ရည်ရွယ်ပါသည်။ အာရှဖောင်ဒေးရှင်းမှ (MBEI) အစီရင်ခံစာပြုစုဖော်ထုတ်ရခြင်း၏ အဓိကရည်မှန်းချက်မှာ အစိုးရတာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ ပြည်နယ် ၊ တိုင်းဒေသကြီး နှင့် မြို့နယ်များ အတွင်းရှိ စီးပွါးရေး ဝန်းကျင်ဆိုင်ရာအခြေအနေကို ပိုမိုနားလည်၍ ၎င်းတို့၏သက်ဆိုင်ရာ နယ်ပယ်တစ်ခုချင်းစီအတွက် စီးပွါး ချမ်းသာကိုဖော်ဆောင်နိုင်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ရွေးချယ်၊ ချမှတ်နိုင်စေမည့် သတင်း အချက်အလက်များ၊ လက်နက်ကိရိယာများ ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါသည်။ (MBEI) စီမံကိန်းကို ဓနအဖွဲ့ အစည်း (DaNa Facility) မှတစ်ဆင့် (UK Aid) က ငွေကြေးပံ့ပိုးထားပါသည်။