Skip to content

မြန်မာနိုင်ငံရှိ ကျွန်းများ၏အမည်များ

မြန်မာနိုင်ငံရှိ ကျွန်းများ၏အမည်များ (အိမ်နီးနားချင်းနိုင်ငံများရှိ ကျွန်းများအပါအဝင်) နှင့်ပတ်သက်သည့် ပထဝီဝင်ဆိုင်ရာ အချက်အလက်အစု (Geospatial point dataset) ၌ လူသုံးများသည့် မြန်မာနိုင်ငံဆိုင်ရာ အခြေပြုမြေပုံများတွင် တွေ့ရှိရသော စာလုံးပေါင်းမျိုးကွဲများ ပါဝင်သည်။ ဤအချက်အလက်အစုတွင် ကျွန်းများ၏အမည်များကို ရောမ သို့မဟုတ် အင်္ဂလိပ် အက္ခရာ စကားလုံးများဖြင့် အနီးစပ်ဆုံး ခန့်မှန်းပြန်ဆို ထားသည့်အပြင် မြေမျက်နှာသွင်ပြင်ဆိုင်ရာမြေပုံများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာဇယားများ (charts) တွင် တွေ့ရသော ကျွန်းအမည်များကိုပါ မှီငြမ်းကိုးကား၍ အနီးစပ်ဆုံးခန့်မှန်းပြီး မြန်မာဘာသာသို့ ပြန်ဆိုပေး ထားခြင်းဖြစ်သည်။

Data Resources (1)

Additional Info

Field Value
အချက်အလက်အစု ခေါင်းစဉ်အမျိုးအစား
  • Land
  • Marine and coastal areas
ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
  • ဗမာဘာသာစကား
အသုံးပြုခြင်းဆိုင်ရာ အကန့်အသတ်များ အဆိုပါကျွန်းများ၏ တည်နေရာအချက်အလက်များသည် မြန်မာနိုင်ငံ၌ အသုံးများသည့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ မြေပုံများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ဇယားများမှ ကျွန်းများ၏ တည်ရှိမှုအပေါ် အခြေခံထားသည့်အပြင်၊ မကြာသေးမီ (၂၀၁၈ - ၂၀၂၂ ခုနှစ်) က Sentinel-2 ဂြိုလ်တုပုံရိပ်များကို အသုံးပြု၍လည်း တခါတရံ ချိန်ညှိထားသည်။ အဆိုပါအခြေပြုမြေပုံများ၌ အမည်ဖော်ပြထားခြင်းမရှိသော ကျွန်းများကို ဤအချက်အလက်အစုတွင် ထည့်သွင်းထားခြင်းမရှိပါ။ အမည်များကို မြေမျက်နှာသွင်ပြင်ဆိုင်ရာ မြေပုံများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ဇယားကွက်များပေါ်ရှိ ကျွန်းများ၏ စာလုံးပေါင်းအက္ခရာတို့အပေါ် မှီငြမ်းရေးသားထားသည်။ ထိုမြေပုံများရှိ အမည်များကို ရောမ သို့မဟုတ် အင်္ဂလိပ် အက္ခရာဖြင့် ဖော်ပြထားသည်။ ဤအချက်အလက်များကို ရေးသားထုတ်ဝေသူသည် မကြာသေးမီက ရေးသားထုတ်ဝေထားသည့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ မြေပုံများနှင့် ခေတ်အဆက်ဆက်ကရေးသားခဲ့သော သမိုင်းဝင် မြေမျက်နှာသွင်ပြင်ဆိုင်ရာ မြေပုံများပေါ်မှ ပင်လယ်ရေကြောင်းဆိုင်ရာ ဇယားများကို မှီငြမ်း၍ ရောမ သို့မဟုတ် အင်္ဂလိပ် အက္ခရာဖြင့် စာလုံးပေါင်းထားသော ကျွန်းအမည်များကို ရေးသားထားသည်။ သို့သော် အဆိုပါအမည်များအား စစ်ဆေးအတည်ပြုခြင်း၊ ဒေသဆိုင်ရာ အရင်းအမြစ်အဖွဲအစည်းများနှင့် သဘောတူညှိနှိုင်းခဲ့ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို မပြုလုပ်ခဲ့ပါ။ မြန်မာအက္ခရာဖြင့် ရေးသားပြန်ဆိုထားသော အမည်များသည် ရောမ သို့မဟုတ် အင်္ဂလိပ် အက္ခရာဖြင့် ရေးသားထားသော ကျွန်းအမည်များကို အနီးစပ်ဆုံး ခန့်မှန်း၍ ပြန်ဆိုရေးသားထားခြင်း ဖြစ်သည်။ ကျွန်းအမည်အားလုံးသည် တရားဝင်ပြန်ဆိုထားခြင်းမျိုး မဟုတ်ပါ။ အချက်အလက်အစုတွင် နိုင်ငံအလိုက် အချက်အလက်များကို ရွေးချယ်စစ်ထုတ်နိုင်ရန် ရည်ညွှန်းချက် တစ်ခုပါဝင်သည် (ဥပမာ- မြန်မာနိုင်ငံမှ မဟုတ်သောကျွန်းများကို ဖယ်ထုတ်ထားရန်)။ အချက်အလက်ရေးသားထုတ်ဝေသူတို့ သိရှိထားသော အငြင်းပွားဖွယ်ဖြစ်စေနိုင်မည့် ကျွန်းများတွင်၊ တောင်းဆိုထားသော နိုင်ငံနှစ်နိုင်ငံစလုံး၏ တရားဝင် သတ်မှတ်ထားသောအမည်များ ရှိကြသည်။ အချက်အလက်အစုတွင် ပါဝင်သော ကျွန်းများ၏ အမည်များ၊ ပါဝင်ထည့်သွင်းထားခြင်း သို့မဟုတ် ချန်လှပ် ထားခြင်းများနှင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာ အချက် အလက်များသည် မည်သည့်နိုင်ငံ၊ နယ်မြေပိုင်နက် သို့မဟုတ် အကျယ်အဝန်း စသည့် တရားဝင်အခြေအနေ နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ထိုနယ်မြေပိုင်နက်၏ နယ်နိမိတ်သတ်မှတ်ခြင်း၊ နယ်နိမိတ်တို့နှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ မှန်ကန်သော သို့မဟုတ် အကောင်းဆုံးသော နည်းလမ်းဖြင့် အမည်ပေးထားခြင်း သို့မဟုတ် ထိုနေရာများ၏အမည်များကို စာလုံးပေါင်း ထားခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ မည်သည့် ထင်မြင်ချက်ကိုမျှ ဖော်ပြထားခြင်းမရှိပါ။ ပထဝီဝင်ဆိုင်ရာ အချက်အလက်များအား အသုံးပြုရာတွင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဗဟုသုတရှိကာ အချက်အလက်များ၏ ခိုင်မာမှုအပေါ် အကဲဖြတ်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များမှ ရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဤအချက်အလက်အစုရှိ အချက်အလက်နှင့် သတင်းများကို ဖော်ပြထားခြင်းဖြစ်သည်။ အချက်အလက်များကို အကောင်းဆုံး ဖော်ပြပေးထားသော်လည်း အချက်အလက်ရေးသားထုတ်ဝေသူသည် ၎င်းတို့ကို update လုပ်ရန် ကတိမပေးပါ။ အချက်အလက်ရေးသား ထုတ်ဝေသူသည် (သီးခြားဖြစ်စေ သို့မဟုတ် ပေါင်းစု၍ဖြစ်စေ) ဖော်ပြပေးထားသည့် အချက်အလက်များ၏ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် အသုံးပြုရန် ခိုင်မာမှု အာမခံချက်များ၊ ၎င်းတို့၏ တိကျမှု၊ ပြည့်စုံမှု၊ သို့မဟုတ် အသုံးဝင်မှုများအတွက် ဥပဒေကြောင်းအရ တာဝန်ရှိသည်ဟု ယူဆချက်များ၊ ၎င်းတို့ကိုအသုံးပြုရာတွင် ပုဂ္ဂလိကပိုင် အခွင့်အရေးများကို ထိပါးစေမည်မဟုတ်ကြောင်း ကိုယ်စားပြုချက်များ အပါအဝင် အာမခံချက်၊ ဖော်ပြချက် သို့မဟုတ် ရည်ညွှန်းချက်များကို ပြုလုပ်ထားခြင်းမရှိပါ။ အချက်အလက်အရည်အသွေးကို ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်သော်လည်း အချက်အလက်များကိုမူ “အရှိအတိုင်းပင်” ဖော်ပြပေးထားသည်။ အချက်အလက်ခိုင်မာမှုသည် အသုံးပြုသူအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်လျက်ရှိသည်။ အသုံးပြုသူတို့၏ ကိန်းဂဏန်းဆိုင်ရာဆန်းစစ်မှုနှင့် တင်ပြထားသော တွေ့ရှိချက်များအားလုံး၏ တိကျမှုသည် အချက်အလက် ရေးသားထုတ်ဝေသူနှင့် သက်ဆိုင်မှုမရှိပါ။ အချက်အလက်များမှ ထွက်ပေါ်လာသော မည်သည့်အရာကိုမျှ အချက်အလက်ရေးသား ထုတ်ဝေသူ၏ ကျွမ်းကျင်သောအကြံဉာဏ် သို့မဟုတ် တရားဝင်အကြံပြုချက်အဖြစ် မမှတ်ယူသင့်ပါ။
အချက်အလက်အစုကို ရည်ညွှန်းသောရက်စွဲ 2023၊ 1 ဇန်နဝါရီ
ဘူမိအမည်များ
  • မြန်မာ
သတ်မှတ်ဧရိယာ၏ အနောက်ဘက် ကိုဩဒိနိတ် 92.2
သတ်မှတ်ဧရိယာ၏ အရှေ့ဘက် ကိုဩဒိနိတ် 98.94
သတ်မှတ်ဧရိယာ၏ တောင်ဘက် ကိုဩဒိနိတ် 9.59
သတ်မှတ်ဧရိယာ၏ မြောက်ဘက် ကိုဩဒိနိတ် 21.12
နေရာဆိုင်ရာ ရည်ညွှန်းစနစ် WGS 84 (EPSG:4326) (CRS:84)
အနေအထား တိကျမှန်ကန်မှု 1:50,000 - 1:250,000 စကေးရှိ မြေမျက်နှာသွင်ပြင်ဆိုင်ရာ မြေပုံ အချက်အလက်များအပေါ် အခြေခံသည်။ ~1:25,000 စကေးပုံရိပ်တွင် အနေအထား ချိန်ညှိထားသည်။
ဝိသေသဆိုင်ရာ တိကျမှန်ကန်မှု Sentinel-2 ပုံရိပ် (~1:25,000) စကေးမှ ထွက်ပေါ်လာသော ကျွန်းဂျီသြမေတြီကို အခြေခံ၍ ကျွန်းအရွယ်အစား အတန်းများ။ အသုံးများသော အခြေပြုမြေပုံများမှ ပြန်လည်ကူးယူထားသည့် အက္ခရာများအပေါ် အခြေခံထားသော ကျွန်းအမည်များ။
ပြည့်စုံမှု ဤအချက်အလက်အစုတွင် ကျွန်းအမည်များနှင့် တည်နေရာများကို ခွဲခြားသတ်မှတ်ရန် အသုံးပြုထားသည့် အခြေပြုမြေပုံများတွင်ပါရှိသည့် ကျွန်းများအားလုံး ပါဝင်သော်လည်း၊ မကြာသေးမီက Sentinel-2 ပုံရိပ်တွင် အထောက်အထား မတွေ့ရှိရသည့် ကျွန်းများမပါဝင်ပါ။ ဥပမာ - အချိန်နှင့်အမျှ တိုက်စားခံခဲ့ရသော ကျွန်းများ မပါဝင်ပါ။
ဖြစ်စဉ် ၁။ Sentinel-2 အခြေပြု Island polygon dataset ကို ဖန်တီးခြင်း။ ၂။ အသုံးများသော မြေမျက်နှာသွင်ပြင် မြေပုံများနှင့် ပင်လယ်ရေကြောင်း ဇယားစီးရီး အနည်းဆုံး ၃ ခုတွင် အမည်ပေးထားသည့် ကျွန်း၊ ကျွန်းငယ်နှင့် ကျောက်ဆောင်တိုင်းကို ခွဲခြားသတ်မှတ်ခြင်း။ ၃။ မကြာသေးမီက ရေးဆွဲထားသော (Sentinel-2) ပုံရိပ်များမှ ဤကျွန်းတည်ရှိမှုကို စစ်ဆေး၍ အနီးစပ်ဆုံး ကျွန်းအလယ်မှတ်တစ်ခုကို ရေးဆွဲခြင်း။ ၄။ ဤကျွန်းအတွက် အသုံးပြုသည့် အခြေပြုမြေပုံများအားလုံးတွင် တွေ့ရသော အမည်မျိုးကွဲအားလုံးကို ကူးယူဖော်ပြခြင်း။ ၅။ အဆိုပါ ကူးယူပြန်ဆိုထားသော ကျွန်းအမည်များကို အခြေခံ၍ ရောမ သို့မဟုတ် အင်္ဂလိပ် အက္ခရာဖြင့် စာလုံးပေါင်းထားသော ကျွန်းအမည်များအား အနီးစပ်ဆုံး ခန့်မှန်းကူးယူရေးသားခြင်း။ ၆။ ဤအမည်များကို မြန်မာအက္ခရာသို့ အနီးစပ်ဆုံး ဘာသာပြန်ဆိုထားခြင်း။ ၇။ ကျွန်း၏ polygon အရွယ်အစားကို အခြေခံ၍ ကျွန်းဧရိယာကို တွက်ချက်ခြင်းနှင့် အကြမ်းဖျဉ်းအားဖြင့် "Label classes" ဟူ၍ အမျိုးအစားခွဲထားခြင်း။
ရင်းမြစ်များ ဤအချက်အလက်အစုသည် ဗားရှင်း 1.0 (2023-01-01) ဖြစ်သည်။ updates များ၏ မူရင်းအချက်အလက်များ မရရှိသေးပါ။
တာဝန်ရှိသော အဖွဲ့အစည်း အချက်အလက်ရေးသားထုတ်ဝေသူ - Patrick Oswald (လွတ်လပ်သော သုတေသီ)၊ ဆက်သွယ်ရန် - seastar3879@gmail.com
Metadata ကို ဖန်တီးသူ၏ သတင်းအချက်အလက် Metadata ကို ဖန်တီးသူ - Patrick Oswald (seastar3879@gmail.com)၊ နောက်ဆုံး update - 2023-05-16
၀ိသေသများ c_isl: အချက်အလက်ရေးသားထုတ်ဝေသူမှ သတ်မှတ်ထားသည့် သီးခြားကျွန်းကုဒ်နံပတ်၊ lvl_isl- အကြံပြုထားသော အညွှန်းကိန်းအဆင့်၊ အချို့ ကိစ္စရပ်များတွင် ကျွန်း၏အရေးပါမှုနှင့် သိပ်သည်းမှု အလိုက် ပြင်ဆင်ထားသောကျွန်း အရွယ်အစား အပေါ်အခြေခံ၍ အကြံပြုထားသော အညွှန်းအဆင့်၊ nm_eng: ရောမ/အင်္ဂလိပ် အက္ခရာဖြင့် အနီးစပ်ဆုံး ခန့်မှန်းထားသည့် ကျွန်းအမည်၊ nm_mya: မြန်မာအက္ခရာဖြင့် အနီးစပ်ဆုံး ခန့်မှန်းထားသည့် ကျွန်းအမည်၊ adm0_a2- ISO နိုင်ငံအလိုက် ကုဒ်နံပါတ်(များ) - အငြင်းပွားဖွယ်ဖြစ်စေနိုင်သည့် ကျွန်းများ(တရားဝင်မဟုတ်သော)၏ သတင်းအချက် အလက်များ ပါဝင်သည်။ cls_isl- ကျွန်းအမျိုးအစား (အရွယ်အစားအလိုက်)၊ a_ha- sentinel-2 ပုံရိပ်ဆန်းစစ်မှုအပေါ် အခြေခံသည့်၊ ဟက်တာဖြင့်ဖော်ပြထားသော ခန့်မှန်းခြေကျွန်းအရွယ်အစား (အထူးသဖြင့် သေးငယ်သော ကျွန်းငယ်များနှင့် ကျောက်ဆောင်များအတွက် အမှားအယွင်းများ ပါဝင်နိုင်သည်)၊ igNm_eng: ရောမ/အင်္ဂလိပ်အက္ခရာဖြင့် အနီးစပ်ဆုံး ခန့်မှန်းထားသည့် ကျွန်းအုပ်စုအမည်၊ igNm_mya: မြန်မာအက္ခရာဖြင့် အနီးစပ်ဆုံး ခန့်မှန်းထားသည့် ကျွန်းအုပ်စုအမည်၊ nmsSrcEng: မတူညီသော အခြေပြုမြေပုံများတွင် တွေ့ရသော ရောမ/အင်္ဂလိပ်အက္ခရာများဖြင့် ရေးသားထားသည့် အမည်မျိုးကွဲများ
လူထုအသုံးပြုခွင့်အပေါ် ကန့်သတ်ချက်များ ပထဝီဝင်ဆိုင်ရာ အချက်အလက်များအား အသုံးပြုရာတွင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဗဟုသုတရှိကာ အချက်အလက်များ၏ ခိုင်မာမှုအပေါ် အကဲဖြတ်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များမှ ရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဤအချက်အလက်အစုရှိ အချက်အလက်နှင့် သတင်းများကို ဖော်ပြထားခြင်းဖြစ်သည်။ အချက်အလက်များကို အကောင်းဆုံး ဖော်ပြပေးထားသော်လည်း အချက်အလက်ရေးသားထုတ်ဝေသူသည် ၎င်းတို့ကို update လုပ်ရန် ကတိမပေးပါ။ အချက်အလက်ရေးသား ထုတ်ဝေသူသည် (သီးခြားဖြစ်စေ သို့မဟုတ် ပေါင်းစု၍ဖြစ်စေ) ဖော်ပြပေးထားသည့် အချက်အလက်များ၏ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် အသုံးပြုရန် ခိုင်မာမှု အာမခံချက်များ၊ ၎င်းတို့၏ တိကျမှု၊ ပြည့်စုံမှု၊ သို့မဟုတ် အသုံးဝင်မှုများအတွက် ဥပဒေကြောင်းအရ တာဝန်ရှိသည်ဟု ယူဆချက်များ၊ ၎င်းတို့ကိုအသုံးပြုရာတွင် ပုဂ္ဂလိကပိုင် အခွင့်အရေးများကို ထိပါးစေမည်မဟုတ်ကြောင်း ကိုယ်စားပြုချက်များ အပါအဝင် အာမခံချက်၊ ဖော်ပြချက် သို့မဟုတ် ရည်ညွှန်းချက်များကို ပြုလုပ်ထားခြင်းမရှိပါ။ အချက်အလက်အရည်အသွေးကို ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်သော်လည်း အချက်အလက်များကိုမူ “အရှိအတိုင်းပင်” ဖော်ပြပေးထားသည်။ အချက်အလက်ခိုင်မာမှုသည် အသုံးပြုသူအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်လျက်ရှိသည်။ အသုံးပြုသူတို့၏ ကိန်းဂဏန်းဆိုင်ရာဆန်းစစ်မှုနှင့် တင်ပြထားသော တွေ့ရှိချက်များအားလုံး၏ တိကျမှုသည် အချက်အလက် ရေးသားထုတ်ဝေသူနှင့် သက်ဆိုင်မှုမရှိပါ။ အချက်အလက်များမှ ထွက်ပေါ်လာသော မည်သည့်အရာကိုမျှ အချက်အလက်ရေးသားထုတ်ဝေသူ၏ ကျွမ်းကျင်သော အကြံဉာဏ် သို့မဟုတ် တရားဝင်အကြံပြုချက်အဖြစ် မမှတ်ယူသင့်ပါ။
ပုံစံ ပြင်ဆင်ချက် ESRI shapefile
ပြင်ဆင်မှု အကြိမ် not planned
ခွင့်ပြုချက် Creative Commons Attribution
မူပိုင်ခွင့် Yes
ပြင်ဆင်ချက် v1 (2023-01-01)
နယ်ပယ်
  • Ayeyarwady
  • Bago
  • Mon
  • Rakhine
  • Tanintharyi
  • Yangon
အဓိကစကားလုံးများ toponimi,island names,Myanmar,islands
တင်ခဲ့သည့်ရက်စွဲ မေ 16, 2023, 10:21 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဇွန် 7, 2023, 05:37 (UTC)