Skip to content

မြန်မာနိုင်ငံရေနံနှင့်ဓာတ်ငွေ့ လိုင်စင်လုပ်ကွက်များ (၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ဆိုင်ရာ)

မြန်မာနိုင်ငံတွင် သတ်မှတ်ခွဲဝေ၊ နေရာချထားသော ရေနံနှင့်ဓာတ်ငွေ့ လိုင်စင်လုပ်ကွက်များ နှင့် ပတ်သက်သည့် အကြောင်းအရာ၊ အချက်အလက်များကို မြန်မာနိုင်ငံ သယံဇာတလုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ကနဦးခြေလှမ်းများအစီအစဉ် (MEITI) (၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ဆိုင်ရာ) ပဉ္စမမြောက်အစီရင်ခံစာ နောက်ဆက်တွဲတွင် ဖော်ပြထားသည့် ၎င်းလိုင်စင်လုပ်ကွက်များ၏ တည်နေရာ၊ နယ်နမိတ်သတ်မှတ်ချက်များ နှင့် (၂၀၁၉) တွင် (MEITI) မှ ထုတ်ပြန်ကြေညာခဲ့သည့် ရေနံနှင့်ဓာတ်ငွေ့ လိုင်စင်လုပ်ကွက် တည်နေရာပြ ကိုဩဒိနိတ်အမှတ်များအပေါ် အခြေပြုတင်ပြထားခြင်းဖြစ်ပါသည်။ အဆိုပါ အချက်အလက်များကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ (http://www. myanmareiti.org/files/uploads/license_information2017-2018.xlsx) ဤအချက်အလက်အစုတွင် (၂၀၁၇-၂၀၁၈) ဘဏ္ဏာရေးနှစ်အတွင်း သတ်မှတ်၊ နေရာချထားသည့် ရေနံနှင့် ဓာတ်ငွေ့ လိုင်စင်လုပ်ကွက်များ အားလုံးနှင့် ၎င်းလိုင်စင်လုပ်ကွက်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာ၊ အချက်အလက်များ (လုပ်ကွက်အမျိုး အစား၊ ဆောင်ရွက်သည့်လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် ကုမ္ပဏီ စသည်) ပါဝင်ပါသည်။

(MEITI) ပဉ္စမမြောက်အစီရင်ခံစာနောက်ဆက်တွဲအဖြစ်ဖော်ပြထားသည့် လုပ်ကွက်လိုင်စင်ဆိုင်ရာ အချက်အလက်များတွင် အမှားအယွင်းနှင့် ချို့ယွင်းချက်အချို့ပါဝင်နေသောကြောင့် (One Map Myanmar) အနေဖြင့် (MEITI) မှ (၂၀၁၈) တွင်မျှဝေခဲ့သော သီးခြားမှတ်တမ်းမှတ်ရာတစ်ခုတွင်ပါဝင်သည့် လိုင်စင်လုပ်ကွက် နယ်နမိတ်တည်နေရာပြ ကိုဩဒိနိတ်အမှတ်ဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ယူအသုံးပြု၍ အဆိုပါအချက်အလက်များကို အနီးစပ်ဆုံး၊ အပြည့်စုံဆုံး ခန့်မှန်းတွက်ချက်သည့် နည်းလမ်းဖြင့်ဖော်ပြထားခြင်းဖြစ်ပါသည်။ (MEITI) မှ (၂၀၁၈) တွင်မျှဝေခဲ့သည့် သီးခြားမှတ်တမ်းကို အောက်ပါလင့်တွင် ဝင်ရောက်၊ ကြည့်ရှု၊ လေ့လာနိုင်ပါသည်။ (https://myanmareiti.org/files/uploads/4._ updated_combined_onshore_offshore_psc_blocks_conditions_all.pdf)

အဆိုပါအချက်အလက်အစုတွင် မူရင်းအချက်အလက်များနှင့် ပြင်ဆင်၊ တည်းဖြတ်၊ ဖြည့်စွက်ထားသော အချက်အလက်များပါဝင်ပါသည်။ သက်ဆိုင်ရာအနှစ်ချုပ်အကြောင်းအရာများ၊ သွင်ပြင်လက္ခဏာများကို (One Map Myanmar) မှ သတင်းအချက်အလက် လုပ်ငန်းစဉ်များပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ် ချက်များနှင့်အညီ ထပ်မံထည့်သွင်းဖြည့်ဆည်းထားပါသည်။ ရေနံနှင့်ဓာတ်ငွေ့ လိုင်စင်လုပ်ကွက်များနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာ၊ အချက်အလက်များကို ပူးတွဲဖော်ပြထားသည့် Metadata Excel Files (အချက်အလက် ဆိုင်ရာအခြေခံအကြောင်းရင်းများ/ လိုအပ်ချက်များ) များတွင် ဝင်ရောက် ကြည့်ရှု လေ့လာ နိုင်ပါသည်။ မူရင်း (Metadata) များ (အချက်အလက်ဆိုင်ရာအခြေခံအကြောင်းရင်းများ/ လိုအပ်ချက်များ)ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားပြီး ပွင့်လင်းမြန်မာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (ODM) မှ မြန်မာဘာသာ သို့ ပြန်ဆိုထားပါသည်။ အဆိုပါ မူရင်း (အင်္ဂလိပ်) နှင့် ဘာသာပြန် (မြန်မာ) အချက်အလက် (Metadata) များကို (Excel Files) ဖြင့်ပြုစုထား၍ (Zipped Shape File) အဖြစ်ပူးတွဲဖော်ပြထားပါသည်။

Data Resources (4)

Data Resource Preview - Explore this and other data in the Geospatial Data Explorer (TerriaJS)

Additional Info

Field Value
အချက်အလက်အစု ခေါင်းစဉ်အမျိုးအစား
  • Extractive industries
  • Off-shore oil and gas exploration and extraction
  • On-shore oil and gas exploration and extraction
ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
အသုံးပြုခြင်းဆိုင်ရာ အကန့်အသတ်များ ဤ အချက်အလက်အစုကို နိုင်ငံတကာ ပုံမှန်တီထွင်ဖန်တီးမှုလက်ရာဆိုင်ရာ ခွင့်ပြုချက်လိုင်စင် (a Creative Commons Attribution 4.0 International (CC BY 4.0) License (https://creativecommons.org/licenses/by/4.0) အရထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ရှင်းလင်းချက်: ဤအချက်အလက်အစုတွင်ဖော်ပြထားသည့် နယ်နမိတ်များ၊ အမည်များ၊ နှင့်အခြားသတင်းအချက် အလက်များသည် One Map Myanmar၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ (သို့မဟုတ်) အခြား ပြည်နယ်/တိုင်းဒေသကြီးဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင်သဘောတူ၊ ထောက်ခံ၊ခွင့်ပြုထားချက် များဖြင့် ထည့်သွင်းရေးသားထားသည်ဟု အဓိပ္ပါယ်တစ်စုံတစ်ရာ သက်ရောက်ခြင်းမရှိပါ။ ဤ အချက် အလက်အစုသည် အာဏာပိုင်အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ခြင်းမဟုတ်သောကြောင့် နယ်နမိတ် ဆိုင်ရာ အငြင်းပွါးမှုများကိုဖြေရှင်းရန်အတွက် ဥပဒေကြောင်းရာအထောက်အထားတစ်ခုအဖြစ် အသုံးပြု၍မရနိုင်ပါ။ ဤအချက်အလက်အစုတွင်ပါဝင်သည့်အကြောင်းအရာများ၏ တိကျသေချာမှု အတွက် ဘက်ပေါင်းစုံမှ နည်းလမ်းတကျ အထူးအားထုတ်ထားလည်း ဤအကြောင်းအရာများသည် သတင်းအချက်အလက်ဝေမျှရန်အတွက်သာရည်ရွယ်ထားသောကြောင့် အချက်အလက်တိကျ သေချမှုအပေါ် အာမခံနှိုင်ခြင်းမရှိသည့်အပြင် နယ်နမိတ်ပိုင်းခြားသတ်မှတ်ခြင်းလုပ်ငန်းစဉ်များအတွက် တစ်စုံတစ်ရာ ရည်ရွယ်ထားခြင်းမရှိပါ။ ထို့အပြင် ဤအချက်အလက်အစုကို ပြုစုဖော်ထုတ်ရာတွင် ပါဝင်ဆောင်ရွက်ကြသော နိုင်ငံတော်ဆိုင်ရာနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် အဆိုပါအချက် အလက်များအသုံးပြုခြင်းမှပေါ်ထွက်လာနိုင်သည့် တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက် (သို့မဟုတ်) တစ်ဆင့်ခံ (သို့မဟုတ်) မတော်တဆ ထိခိုက်သက်ရောက်မှု အမှားအယွင်း အကျိုးဆက်များ နှင့်ပတ်သက်၍ ဥပဒေကြောင်းရာအရ တာဝန်ခံခြင်းမပြုနိုင်သည့်အပြင် မည်သည့် ကြားနေ/ တတိယ အဖွဲ့အစည်း၏ တောင်းဆိုချက်များအပေါ်တွင်လည်း တာဝန်ယူမှုတစ်စုံတစ်ရာ ပြုလုပ်နိုင်မည် မဟုတ်ပါ။
အချက်အလက်အစုကို ရည်ညွှန်းသောရက်စွဲ 2020၊ 8 ဒီဇင်ဘာ
ယာယီအတိုင်းအတာ၏ စတင်နေ့စွဲ 2017၊ 1 ဧပြီ
ယာယီအတိုင်းအတာ၏ ပြီးဆုံးနေ့စွဲ 2018၊ 31 မတ်
ဘူမိအမည်များ
  • မြန်မာ
သတ်မှတ်ဧရိယာ၏ အနောက်ဘက် ကိုဩဒိနိတ် 90.3546829223633
သတ်မှတ်ဧရိယာ၏ အရှေ့ဘက် ကိုဩဒိနိတ် 98.9213104248047
သတ်မှတ်ဧရိယာ၏ တောင်ဘက် ကိုဩဒိနိတ် 9.54999923706055
သတ်မှတ်ဧရိယာ၏ မြောက်ဘက် ကိုဩဒိနိတ် 24.8125
နေရာဆိုင်ရာ ရည်ညွှန်းစနစ် WGS 84 (EPSG:4326) (CRS:84)
အနေအထား တိကျမှန်ကန်မှု အရာဝထ္ထု/ အဆောက်အဦးတို့၏ မြေပြင် တည်နေရာ/ အကွာအဝေး ၊ ပုံရိပ်များ၏ထင်ရှားပြတ်သားမှု အနေအထား၊ ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်အစုအဝေး
ပြည့်စုံမှု Not complete
ဖြစ်စဉ် ပါဝင်သည့် အချက်အလက် / အကြောင်းအရာများကို ချိတ်ဆက်ဖော်ပြမှု
ရင်းမြစ်များ OneMap Myanmar (2020). Myanmar jade and gems mining licences for fiscal year 2017-2018, aggregated by township based on MEITI 5th Report licence information annex data. [online] Available at: https://meiti-onemap-myanmar.hub.arcgis.com [17 Jan 2021].
တာဝန်ရှိသော အဖွဲ့အစည်း One Map Myanmar (info@onemapmyanmar.info) ယဉ်ရပ်နားအဆောက်အဦးအနီး၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ သယံဇာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အဆောက်အဦးအမှတ် (၃၉)၊ နေပြည်တော်
Metadata ကို ဖန်တီးသူ၏ သတင်းအချက်အလက် One Map Myanmar (info@onemapmyanmar.info) ယဉ်ရပ်နားအဆောက်အဦးအနီး၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ သယံဇာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အဆောက်အဦးအမှတ် (၃၉)၊ နေပြည်တော်
ပုံစံ ပြင်ဆင်ချက် 2020-12-08
ပြင်ဆင်မှု အကြိမ် annually
ခွင့်ပြုချက် Creative Commons Attribution Share-Alike
မူပိုင်ခွင့် Yes
ပြင်ဆင်ချက် 2020-12-08
အဓိကစကားလုံးများ EITI,Oil and Gas Blocks,Oil and gas company
တင်ခဲ့သည့်ရက်စွဲ ဇန်နဝါရီ 18, 2021, 22:42 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ မတ် 27, 2021, 09:04 (UTC)