Skip to content

Additional Information

Field Value
Last updated 2018၊ 13 ဇွန်
Created 2018၊ 13 ဇွန်
ပုံစံ PDF
လိုင်စင် unspecified
အမည် မြန်မာနိုင်ငံတွင် လူတိုင်းပါဝင်နိုင်သောဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာစီးပွားပုံစံများ - လေ့လာဆန်းစစ်ခြင်းနှင့် ရှေ့ဆက်သွားရန်နည်းလမ်းများ
ဖော်ပြချက်

ဤလေ့လာချက်၏ ရည်ရွယ်ချက်မှာ လယ်ယာစီးပွားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့်အားလုံးပါဝင်ပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက်မြေယာအရင်းအမြစ်များကိုစီမံခန့်ခွဲခြင်းအတွက် မဟာဗျူဟာမြောက်မူဝါဒ ဦး စားပေးဆောင်ရွက်မှုများကိုထောက်ပံ့ပေးရန်ဖြစ်သည်။ ၁။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ အဓိက အချက်အချာ ဖြစ်စေရန်နှင့် စွမ်းဆောင်ရည်နှင့်တန်းတူညီမျှမှုကိုသေချာစေသည့် စိုက်ပျိုးရေးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို အရှိန်မြှင့်တင်ရန် လယ်ယာစီးပွားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုမည်သို့ဆွဲဆောင်နိုင်ပုံ။ ၂။ အကြီးစားစီးပွားရေးပုံစံများသည် မည်သည့်အချိန်တွင်သင့်လျော်နိုင်ကြောင်းနှင့် စီးပွားရေးအရထိရောက်သော၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲသည့်နည်းလမ်းများဖြင့် ၎င်းတို့အားမြေများကို မည်ကဲ့သို့ ခွဲဝေချထားနိုင်မည်ကိုခွဲခြားသိမြင်နိုင်ခြင်း။ ဤရည်မှန်းချက်အောင်မြင်ရန်နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်ခဲ့သည် (Box S.2) ။ ယခင် MSU-MDRI အစီရင်ခံစာများတွင် ထည့်သွင်းဖော်ပြခြင်းမရှိသေးသော အဓိကတန်ဖိုးကွင်းဆက်များအပေါ်တွင် လေ့လာဆန်းစစ်ချက်အား အဓိကထားဆောင်ရွက်ခဲ့သည်။ အားလုံးပါ ဝင်သောဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လယ်ယာစီးပွားဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာပေါင်းစည်းနိုင်ရေးအတွက် ထိုင်းနိုင်ငံ၏အတွေ့အကြုံများနှင့် ကမ္ဘောဒီးယားနိုင်ငံ မြေယာလုပ်ပိုင်ခွင့်များအပေါ်အခြေခံသည့် မဟာဗျူဟာမှ သင်ခန်းစာများအပေါ်ပြန်လည် သုံးသပ်ထားခဲ့ခြင်းဖြစ်သည်။ ဤအစီရင်ခံစာအား အပိုင်းသုံးပိုင်းခွဲခြားထားသည် - (၁) မြန်မာနိုင်ငံ၏ လယ်ယာစီးပွားဆိုင်ရာနောက်ခံသမိုင်းကြောင်း (၂) ရွေးချယ်ထားသော တန်ဖိုးကွင်းဆက်များရှိ စီးပွားရေးပုံစံများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် (၃) ပိုမိုထိရောက်ပြီးအားလုံးပါ ဝင်နိုင်သည့် စီးပွားရေးပုံစံများကို ဖော်ထုတ်ရန် ဦး စားပေးဆောင်ရွက်မှုများ။

Resource's languages