မြန်မာနိုင်ငံတွင် မကြာသေးမီက စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း နိုင်ငံ၏ဒေသခံစီးပွားရေးပတ်ဝန်းကျင် တစ်ခုလုံးသည် နားလည်မှုအားနည်းနေဆဲဖြစ်သည်။ ခေတ်နောက်ကျသော အုပ်ချုပ်မှုစနစ်များ၊ဒေသဆိုင်ရာအကျိုးစီးပွားများတွင်မြှုပ်နှံခြင်းများနှင့် စစ်အုပ်ချုပ်ရေး၏အနှစ်ငါးဆယ်ခန့်အုပ်ချုပ်ခဲ့မှုများသည် စီးပွားဖြစ်လှုပ်ရှားမှုများကိုအုပ်ချုပ်သောအဖွဲ့အစည်းများအားရှုပ်ထွေးသွားစေခဲ့သည်။ မြန်မာနိုင်ငံအတွင်းဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများနှင့်မြို့နယ်ရုံးများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဒေသတွင်းစီးပွားရေးအုပ်ချုပ်မှုများအတွက် တာဝန်ရှိသည်။ သို့သော် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်အပေါ် ဒေသတွင်းစီးပွားရေးအုပ်ချုပ်မှု၏ရလဒ်အဖြစ် ပုံဖော်သည့်ကြိုးပမ်းမှုအနည်းငယ်သာရှိခဲ့သည်။ ထို့ကြောင့် အာရှဖော်ဒေရှင်းနှင့် ဓနအဖွဲ့အစည်းတို့သည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဌာနမှငွေကြေးရန်ပုံငွေဖြင့်မြန်မာနိုင်ငံစီးပွားရေးပတ်ဝန်းကျင်အညွှန်းကိန်းပဏာမခြေလှမ်းအဖြစ် (၃)နှစ်တာစီမံကိန်းကို စတင်ခဲ့သည်။ အဆိုပါအညွှန်းကိန်းသည်ပြည်တွင်းအဆင့်နှင့် ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အလမ်းများကိုသတ်မှတ်ခြင်းတို့၌ Development Lab at Duke University နှင့်လက်တွဲ၍ မြန်မာနိုင်ငံ၏စီးပွားရေးပတ်ဝန်းကျင်ကိုထိခိုက်စေမည့်ကန့်သတ်ချက်များအား သိရှိစေရန်ရည်ရွယ်၍ဆောင်ရွက်ပေးခြင်းဖြစ်သည်။