Skip to content

သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားစာ

၁) ရခိုင်ပြည်နယ်အတွင်းရှိ ခရို်ငများအတွင်းသို့ အခြား ပြည်နယ်/တိုင်းဒေသကြီးများမှ ကားလမ်း၊ ရေလမ်း၊ လေကြောင်းခရီးတို့ဖြင့် ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာမြို့နယ်အလိုက် Home/ Community-based facility quarantine အား ရပ်ရွာလူထုကူညီပံ့ပိုမှုဖြင့် ဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှချမှတ်ထားသော လိုက်နာရန်အချက်များအား တိကျစွာလိုက်နာရေး ကြပ်မတ်ဆောင်ရွက် သွားရန်။ ၂) ယခုကာလအတွင်း ခွင့်ခံစား၍သော်လည်းကောင်း အခြားကိစ္စရပ်များဖြင့် သော်လည်းကောင်း အခြား ပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ဝင်ရောက်လာသူ ဌာနဆိုင်ရာဝန်ထမ်များအား Home Quarantin ဆောင်ရွက်ရန် ။ ၃) Community-based facility quarantine ဧရိယာအား ကန့်သတ်ထားရှိရန်နှင့် တာဝန်မှအပ ဝင်ရောက်ခွင့်မပြုကြောင်း အသိပေး စာကပ်ထားရှိရန်နှင့်လိုက်နာရေး ကြပ်မတ်ဆောင်ရွက်ရန်။ ၄) နှစ်ဆန်း တစ်ရက်နေ့တွင် အန္တရယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်းအား ရပ်ကွက်/ကျေးရွာအုပ်စု ရုံးများမှသော်လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မရုံးများမှသော်လည်းကောင်း၊ အသံချဲ့စက်ဖွင့်၍ ပူဇော်ကြရန်နှင့် ဘုန်းတော်ကြီးကျောင်းများအား ပင့်ဖိတ်၍ လူစုလူဝေးဖြင့် တရားတော်နာယူခြင်းများ မပြုလုပ်ကြရန်၊ အဆင့်ဆင့်သော သံဃနာယက ဆရာတော်များထံသို့ လည်းကြိုတင်‌လျှောက်ထားသွားရန်။ ၅) ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ (၆)ခု ကဲ့သို့ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့် လုပ်ငန်းကော်မတီများကိုလည်း စောလျှင်စွာ ဖွဲ့စည်းတာဝန်ပေးအပ်ရန်နှင့် သက်ဆိုင်ရာလု်ပငန်းကော်မတီအလိုက် ချိတ်ဆက်တင်ပြဆောင်ရွက်ကြရန်။ ၆) လောကနန္ဒာဘုရားအား (၁၇.၄.၂၀၂၀) တစ်ရက်ပိတ်ရန်

Data Resources (1)

Data Resource Preview - သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားစာ

Additional Info

Field Value
ပထဝီဧရိယာ (spatial range)
  • မြန်မာ
နယ်ပယ်
  • Rakhine
ရည်ညွှန်း စာတမ်းများ No – (819)/8-1 (Lon Chon) Rakhine
ထုတ်ပေးသောအေဂျင်စီ/အဖွဲ့အစည်းများ
  • တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ
ဘာသာစကား
  • ဗမာဘာသာစကား
စာရွက်စာတမ်း၏ တရားဝင်အမျိုးအစား ညွှန်ကြားချက်
ခေါင်းစဉ်များ Pandemics
ခွင့်ပြုချက်

No license given

မူပိုင်ခွင့် No
အခြေအနေ ကျင့်သုံး, အတည်ပြု, အကျိုးသက်ရောက်မှုရှိ
အသုံးပြုသည့်ရက်စွဲ/ ပြဌာန်း/ တရားဝင်ကြေညာသည့်ရက်စွဲ/ လက်မှတ်ရေးထိုးသည့်ရက်စွဲ 2020၊ 16 ဧပြီ
အသက်ဝင်/ အရေးယူဆောင်ရွက်သည့် ရက်စွဲ 2020၊ 16 ဧပြီ
ထုတ်ဝေမှုအတွက် ရည်ညွှန်းချက် n/a
အဓိကစကားလုံးများ covid-19
တင်ခဲ့သည့်ရက်စွဲ ဩဂုတ် 21, 2020, 08:12 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဩဂုတ် 24, 2020, 07:57 (UTC)