Skip to content

Additional Information

Field Value
Last updated 2020၊ 2 ဩဂုတ်
Created 2020၊ 2 ဩဂုတ်
ပုံစံ PDF
လိုင်စင် License not specified
အမည် အမိန့်အမှတ် (၃၇/၂၀၂၀) - Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါနှိမ်နင်းရေး
ဖော်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမိန့်အမှတ် ၃၇/၂၀၂၀ ကို အောက်ပါအတိုင်းကြေငြာခဲ့သည် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကိုထုတ်ပြနလိုက်သည်။ ၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၈-၂-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - Covid-19 )ကို ကူးစက်မြန် ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့သည်။ ၂။ အများပြည်သူတို့သည် Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ရောဂါ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ဆောင်ရွက်ချက်များ ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်။ ၃။ Covid-19 ကိုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်ပါကစ္စများမှအမ လူ ငါး ဦး ဖြစ်စေ၊ လူငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရ- (က) အစိုးရဌာနများနှင့်အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက် ခြင်း၊ လုပ်ငန်းခွင်မှပြန်ခြင်း၊ (ခ) ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင်တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက်ခြင်း၊ လုပ်ငန်း ခွင်မှပြန်ခြင်း (ဂ) ခွင့်ပြုချက်ရရှိထားသောဈေး၊ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း (ဃ) ခွင့်ပြုချက်ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း (င) တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (စ) ခွင့်ပြုချက်နှင့်အညီ Covid-19 ကာကွယ်နှိမ်နင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း (ဆ) အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ကိစ္စရပ်များဆောင်ရွက်ခြင်း (ဇ) ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း (ဈ) နာရေးကိစ္စများကိုဆောင်ရွက်ခြင်း ၄။ Covid-19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ကထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက “ကူးစက်ရောဂါ များကာကွယ်နှိမ်နင်းရေးဥပဒေ” အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။

Resource's languages
  • ဗမာဘာသာစကား