Skip to content

Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါ နှိမ်နင်းရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမိန့်အမှတ် ၃၇/၂၀၂၀ ကို အောက်ပါအတိုင်းကြေငြာခဲ့သည် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကိုထုတ်ပြနလိုက်သည်။ ၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၈-၂-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - Covid-19 )ကို ကူးစက်မြန် ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့သည်။ ၂။ အများပြည်သူတို့သည် Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ရောဂါ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ဆောင်ရွက်ချက်များ ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်။ ၃။ Covid-19 ကိုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်ပါကစ္စများမှအမ လူ ငါး ဦး ဖြစ်စေ၊ လူငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရ- (က) အစိုးရဌာနများနှင့်အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက် ခြင်း၊ လုပ်ငန်းခွင်မှပြန်ခြင်း၊ (ခ) ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင်တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက်ခြင်း၊ လုပ်ငန်း ခွင်မှပြန်ခြင်း (ဂ) ခွင့်ပြုချက်ရရှိထားသောဈေး၊ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း (ဃ) ခွင့်ပြုချက်ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း (င) တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (စ) ခွင့်ပြုချက်နှင့်အညီ Covid-19 ကာကွယ်နှိမ်နင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း (ဆ) အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ကိစ္စရပ်များဆောင်ရွက်ခြင်း (ဇ) ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း (ဈ) နာရေးကိစ္စများကိုဆောင်ရွက်ခြင်း

Data Resources (1)

Data Resource Preview - အမိန့်အမှတ် (၃၇/၂၀၂၀) - Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါနှိမ်နင်းရေး

Additional Info

Field Value
ပထဝီဧရိယာ (spatial range)
  • မြန်မာ
ရည်ညွှန်း စာတမ်းများ 37/2020
ထုတ်ပေးသောအေဂျင်စီ/အဖွဲ့အစည်းများ
  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ဘာသာစကား
  • ဗမာဘာသာစကား
စာရွက်စာတမ်း၏ တရားဝင်အမျိုးအစား အမိန့်
ခေါင်းစဉ်များ Pandemics
ခွင့်ပြုချက်

No license given

မူပိုင်ခွင့် No
အခြေအနေ လက်မှတ်ရေးထိုးခဲ့၍ အတည်ပြုပြီး
အသုံးပြုသည့်ရက်စွဲ/ ပြဌာန်း/ တရားဝင်ကြေညာသည့်ရက်စွဲ/ လက်မှတ်ရေးထိုးသည့်ရက်စွဲ 2020၊ 16 ဧပြီ
အသက်ဝင်/ အရေးယူဆောင်ရွက်သည့် ရက်စွဲ 2020၊ 16 ဧပြီ
ထုတ်ဝေမှုအတွက် ရည်ညွှန်းချက် n/a
အဓိကစကားလုံးများ covid
တင်ခဲ့သည့်ရက်စွဲ ဩဂုတ် 2, 2020, 03:38 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 14, 2021, 10:51 (UTC)