Skip to content

အချိုးအစား/ စကေးကိုက်စနစ်အစီအစဉ်များမှတစ်ဆင့် ရေအားလျပ်စစ်ထုတ်လုပ်မှုပမာဏကို မြှင့်တင် ခြင်း- မြန်မာနိုင်ငံ၏ အတွေ့အကြုံ

မြန်မာနိုင်ငံရေအားလျှပ်စစ်ထုတ်လုပ်မှုတိုးတက်ဖွံ့ဖြိုးရန် အားထုတ်ဆောင်ရွက်ရာတွင် ရင်ဆိုင် ကျော်လွှားရမည့် အခြေခံကျသော စိန်ခေါ်မှုအခက်အခဲတစ်ခုကို ဤအစီရင်ခံစာတွင် ဆန်းစစ်သုံးသပ် ထားပါသည်။ အဆိုပါစိန်ခေါ်မှုအခက်အခဲမှာ အစိုးရအနေဖြင့် ၎င်း၏ပြည်သူလူထုကို ရေရှည်တွင် အကျယ်ပြန့်ဆုံးသော အကျိုးအမြတ်အမျိုးမျိုးကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် လိုအပ်သော အခြေခံ အဆောက်များတည်ဆောက်ရာတွင် လက်ဝယ်ရရှိထားသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ အကောင်းဆုံးသော ဆုံးဖြတ်ချက်များကို မည်သို့မည်ပုံ ပြုလုပ်မည်နည်းဟူသည့် မေးခွန်းပင် ဖြစ်ပါသည်။ နိုင်ငံအများအပြားတွင် ရေအားလျှပ်စစ်သည် စွမ်းအင်လိုအပ်ချက်ကို ကုန်ကျစရိတ် သက်သာစွာဖြင့် ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့် မဟာဗျူဟာမြောက်ရင်းမြစ်တစ်ခုဖြစ်၍ ရေအရင်းအမြစ် များစီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ( ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးတို့အတွက် အလားအလာရှိသော ပူးတွဲအကျိုးကျေးဇူးများ) အတွက် အရေးပါသော အထောက်အပံ့ကို ဖြစ်စေပါသည်။ သို့ရာတွင် ရေအားလျှပ်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိပြုလုပ်လျှက်ရှိသော ချဉ်းကပ်ပုံနည်းလမ်းများသည် ကျယ်ပြန်သည့်အကျိုးကျေးဇူးများ အောင်မြင်ထမြောက်နိုင်မည့် အခွင့် အရေးကိုမကြာခဏ လက်လွှတ်ဆုံးရှုံးနေရသည့်အပြင် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာ ဆုံးရှုံး နစ်နာမှုများကိုလည်း မြင့်မားစွာဖြစ်ပေါ်စေလျှက်ရှိနေပါသည်။ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အများ အားဖြင့် စီမံကိန်းတစ်ခုချင်းစီ၏ အချိုးအဆ/ စကေး ကိုသာ မူတည်စဉ်းစား လေ့ရှိပြီး အဆိုပါစီမံကိန်း အားလုံးသည် သက်ဆိုင်ရာ အခြေခံအဆောက်အအုံစနစ်၊ လူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရင်း အမြစ်များတွင် အံဝင်ခွင်ကျဖြစ်စေရန် ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံ၍ ထည့်သွင်းတွက်ချက်မှု အားနည်း နေကြောင်း တွေ့ရှိရပါသည်။ ရေတိုနှင့် စီမံကိန်းတစ်ခုခြင်း အပေါ်တွင်သာ အခြေပြုသည့် ဆုံးဖြတ်ချက် များသည် ကျယ်ပြန့်သော အကျိုးရလာဒ်များနှင့် ဟန်ချက်ညီမျှသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်မည့် ရေအားလျှပ်စစ်စနစ်များ ဖြစ်ထွန်းပေါ်ပေါက်ရေးကို အကောင် အထည်ဖော်ဆောင်နိုင်ဖွယ်မရှိမူ၍ အမည်ခံမျှသာဖြစ်ပါလိမ့်မည်။ လက်တွေ့အခြေအနေတွင် စီမံကိန်း များသည် တစ်ခုနှင့်တစ်ခု ကောင်းစွာ ဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်မှုမရှိခြင်း၊ ပိုမိုသင့်မြတ် ကောင်းမွန်သော ဒီဇိုင်းပုံစံများ ရယူအသုံးချနိုင်ခွင့် ဆုံးရှုံးခြင်း၊ ကြီးမားသော လူမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများကို ဖြစ်ပေါ်စေခြင်း စသည်တို့ကြောင့် ၎င်းအခြေအနေများ မှတစ်ဆင့် အနာဂတ်ကာလ ရင်းနှီးမြုပ်နှံမှုများအတွက် ပဋိပက္ခများနှင့် မရေရာ မသေချာမှုများကို ပေါ်ပေါက်စေပါသည်။ အစိုးရအများစုအနေဖြင့် သင့်လျော်မှန်ကန်သည့် စနစ်များကို အစီအစဉ်ပြုလုပ် နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို နေရာတကျ စီစဉ်ချမှတ်နိုင်ခြင်းမရှိသည့် အပြင် ပြည်သူ လူထု၏ အကျိုးစီးပွါးကို အကောင်းဆုံးဖော်ဆောင်နိုင်မည့် စီမံကိန်းများကို မဟာဗျူဟာမြောက် ရွေးချယ်နိုင်ခြင်းမရှိကြောင်းလည်း တွေ့မြင်နေရပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤလေ့လာမှု အစီရင်ခံစာ တွင် ကျယ်ပြန့်သည့် အဆို (၂) ခုကို စူးစမ်းလေ့လာ တင်ပြထားသည်။ ပထမအချက်အနေဖြင့် အချိုးအစား/စကေးကိုက်စနစ် ပုံစံဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများ စီစဉ်ဆောင်ရွက် ခြင်းဖြင့် သက်ဆိုင်ရာ အစိုးရများ၊ စီမံကိန်း တည်ဆောက်သူများ၊ နှင့် အခြား အကျိုးစီးပွါး ပတ်သက်ပါဝင် သူများအနေဖြင့် ထိခိုက်သက်ရောက်မှု နှင့် ပဋိပက္ခ နည်းပါး၍ပိုမို ဟန်ချက်ညီမျှသော နည်းလမ်းများ ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်ပါလိမ့်မည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံများအနေဖြင့် လက်ခံနိုင်ဖွယ်မရှိသော ဝန်ထုတ်ဝန်ပိုးများနှင့် နှောင့်နှေးကြန့်ကြာမှုများကို ရှောင်ရှားနိုင်မည့် နည်းလမ်း များဖြင့် အချိုးအစား/စကေးကိုက် ချဉ်းကပ်ဆောင်ရွက်မှုများကို ရွေးချယ်ကျင့်သုံးနိုင်ပါလိမ့်မည်။ အချုပ် အားဖြင့် နိုင်ငံအစိုးရများအနေဖြင့် စနစ်ကျ၍ကျယ်ပြန့်ပြည့်စုံသော၊ ထောင့်စေ့သော ရေအားလျှပ်စစ် ထုတ်လုပ်ရေး အစီအစဉ်များနှင့် စနစ်ပုံစံ/ဒီဇိုင်းများကို ရွေးချယ်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ပြည်သူများ အတွက် ပိုမိုပြည့်စုံကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ကျွန်ုပ်တို့က အဆိုပြုတင်ပြလိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ထုတ်လုပ်ရေး အစီအစဉ်များနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သရုပ်ပြမူဘောင်တစ်ခုကို ပြုစုခြင်း အားဖြင့် ဤအဆို (၂) ခုကို စမ်းသပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားလိုပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံဆိုင်ရာ အချိုးအစား/စကေးကိုက် အစီအစဉ်များ/စီမံကိန်းများ အစီရင်ခံစာ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

@ ၂၀၁၆၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရံပုံငွေအဖွဲ့ (WWF) နှင့် မန်ချက်စတာ တက္ကသိုလ်။ အချိုးအစား/ စကေးကိုက်စနစ်အစီအစဉ်များမှတစ်ဆင့် ရေအားလျပ်စစ်ထုတ်လုပ်မှုပမာဏကို မြှင့်တင် ခြင်း- မြန်မာနိုင်ငံ၏ အတွေ့အကြုံ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဌာန အတွက် ရေးသားပြုစုထားပါသည်။ ၂၀၁၆၊ အာလင်တန်၊ ဗာဂျီးနီးယား၊ အမေရိကန်ပြည်ထောင်စု။

ပြင်ဆင်ချက် 1
ခွင့်ပြုချက် CC-BY-3.0-IGO
တင်ခဲ့သည့်ရက်စွဲ မတ် 30, 2017, 08:47 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 2, 2021, 16:13 (UTC)