Skip to content

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု - မရေရာမှုများဆီသို့ ဦးတည်သွားလာခြင်း_ဇန်နဝါရီ၊ ၂၀၂၃ ခုနှစ်

မြန်မာ့စီးပွားရေးသည် ပြီးခဲ့သည့်ခြောက်လတာအတွင်း မတည်ငြိမ်မှုဒဏ်ကို သိသိသာသာ ရင်ဆိုင်နေရဆဲဖြစ်သည်။ လူမှုဘဝများနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်စေပြီး ကာလကြာရှည်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းများက စီးပွားရေးလုပ်ငန်းများကို ဆက်လက်အဟန့်အတားဖြစ်စေသည်။ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လတာကာလအတွင်း ဘဏ္ဍာရေးလိုငွေ လျော့နည်းသွားခဲ့သော်လည်း ပြည်သူ့ကြွေးမြီမှာ GDP ၏ ၆၀ ရာခိုင်နှုန်းအထက်ထိ မြင့်တက်သွားမည်ဟု ခန့်မှန်းသည်။ ခက်ခဲလှသည့် စီးပွားရေးအခြေအနေများကြောင့် အိမ်ထောင်စုစားဝတ်နေရးကို များစွာထိခိုက်စေပြီး ထိခိုက်အားနည်းလွယ်မှုကို ပိုမိုဆိုးရွားစေလိမ့်မည်။ ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ရှိအဆင့်ထက် များစွာနိမ့်ကျနေဦးမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဆုံးမည့်ဘဏ္ဍာနှစ်၌ GDP သည် ၃ ရာခိုင်နှုန်းခန့် တိုးလာနိုင်သည်ဟု ခန့်မှန်းသည်။ မြန်မာနိုင်ငံ၏ အားလုံးပါဝင်နိုင်သည့် ကာလရှည် တိုးတက်ဖြစ်ထွန်းနိုင်မှုအလားအလာသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သိသိသာသာ ထိခိုက်သွားခဲ့သည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုအတားအဆီးများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာမရေရာမှု စသည်တို့ဆက်လက်တည်ရှိနေသောကြောင့် စီးပွားရေးအခင်းအကျင်းသည် တိုးတက်ကောင်းမွန်ရန် နှောင့်နှေးနေမည်။ မူဝါဒနှင့်နိုင်ငံရေးအခင်းအကျင်း၏ လတ်တလောပြောင်းလဲမှုများကြောင့် တိုးတက်မှုမြင်ရဖွယ်ရှိသော်လည်း၊ ရင်းမြစ်များအား ထုတ်လုပ်မှုနှင့်ယှဉ်ပြိုင်မှုအားကောင်းစေမည့်နယ်ပယ်များတွင် ခွဲဝေသုံးစွဲမှုမရှိခြင်းကြောင့် ရေရှည်တွင် ဒုက္ခရောက်နိုင်သည်။ နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ မူဝါဒသည် စီးပွားရေးထိခိုက်မှုများအား လျှော့ချရမည့်အစား မည်သို့ပိုမိုဆိုးရွားစေနိုင်ကြောင်း သာဓကကို ဤအစီရင်ခံစာက ဖော်ပြထားသည်။

Data Resources (4)

Data Resource Preview - မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု - မရေရာမှုများဆီသို့ ဦးတည်သွားလာခြင်း_ဇန်နဝါရီ၊ ၂၀၂၃ ခုနှစ်_အင်္ဂလိပ်

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
  • ဗမာဘာသာစကား
ခေါင်းစဉ်အတို (မူရင်းခေါင်းစဉ်နှင့်မတူသောခေါင်းစဉ်) မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု
ခေါင်းစဉ်များ
  • Economy and commerce
  • World Bank
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

For access and use constraints, please visit https://www.worldbank.org/en/about/contacts#publications

ပြင်ဆင်ချက် January 2023
ခွင့်ပြုချက် Other (Public Domain)
ဆက်သွယ်ရန်

Email: myanmarmonitoring@worldbank.org. For questions and comments relating to this publication, please contact tyu@worldbank.org.

ရေးသားသူ (အဖွဲ့) ကမ္ဘာ့ဘဏ်
ပူးတွဲရေးသားသူ (တစ်ဦးချင်းစီ) Edwards,Kim Alan; Myint,Thi Da; Mansaray,Kemoh; Hayati,Fayavar; Maw,Aka Kyaw Min; Minoletti,Paul Samuel.
ထုတ်ဝေသူ ကမ္ဘာ့ဘဏ်
ထုတ်ဝေသည့်ရက်စွဲ 2023
အထွေထွေ မှတ်ချက်

To read the previous reports 2021: https://data.opendevelopmentmyanmar.net/en/library_record/myanmar-economic-monitor-july-2021-progress-threatened-resilience-tested 2022: https://data.opendevelopmentmyanmar.net/en/library_record/myanmar-economic-monitor-reforms-reversed-july-2022

အဓိကစကားလုံးများ Myanmar Economic Monitor,2023 reports,Navigating Uncertainty
တင်ခဲ့သည့်ရက်စွဲ ဇူလိုင် 4, 2023, 04:50 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ အောက်တိုဘာ 24, 2023, 08:13 (UTC)