Skip to content

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၏သက်ရောက်မှုအား ကျယ်ပြန့်စွာလေ့လာအကဲဖြတ်ဆန်းစစ်မှုသုတေသနအစီရင်ခံစာ

ကြီးထွားလျှက်ရှိသောမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့စီးပွားရေးလုပ်ငန်းကဏ္ဍတွင်စီးပွါးရေးဆိုင်ရာတာဝန်ယူမှုတာဝန်ခံမှုရှိသောအလေ့အထကောင်းများ အားကောင်းလာစေရန်ရည်ရွယ်၍ မြန်မာ့စီးပွားရေးတာဝန်ယူမှုဌာန (the Myanmar Center for Responsible Business- MCRB ) နှင့်ပူးတွဲတည်ထောင်သူများဖြစ်သောလူ့အခွင့်အရေးနှင့်စီးပွားရေးအဖွဲ့အစည်း (the Institute of Human Rights and Business) ၊ဒိန်းမတ်လူ့အခွင့်အရေးအဖွဲ့အစည်း (the Danish Institute of Human Rights) တို့ပူးပေါင်း၍မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၏သက်ရောက်မှုအားကျယ်ပြန့်စွာလေ့လာအကဲဖြတ်ဆန်းစစ်မှုသုတေသနအစီရင်ခံစာ (The Oil & Gas Sector-Wide Impact Assessment- SWIA)ကိုရေးဆွဲပြုစုခဲ့ပါသည်။ သုတေသနလုပ်ငန်းများနှင့်တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူခြင်းများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပြီးနောက် ၂၀၁၄ စက်တင်ဘာလတွင်အဆိုပါအစီရင်ခံစာကိုပုံနှိပ်ထုတ်ဝေခဲ့ပါသည်။၂၀၁၄မတ်လသတင်းစာရှင်းလင်းပွဲတွင်ထုတ်ပြန်ကြေညာခဲ့သောလုပ်ငန်းစတင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ နင့်တိုင်ပင်ဆွေးနွေးမှမှုတ်တမ်းမှတ်ရာများကိုရယူကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံရှိရေနံ ၊ သဘာဝဓာတ်ငွေ့ နှင့် သတ္တုတွင်း လုပ်ငန်းကဏ္ဍများရှိ ကုမ္ပဏီများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အကြား ချိတ်ဆက်ဆောင်ရွက်မှုများပီပြင်စွာပြုလုပ်နိုင်ရန် ရည်ရွယ်၍အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းများ၏လုပ်ငန်း သဘာဝများကို အကျဉ်း ချုပ်ဖော်ပြထားသော စာတမ်းကိုလည်း MCRB မှ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

Data Resources (4)

Data Resource Preview - မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၏သက်ရောက်မှုအား ကျယ်ပြန့်စွာလေ့လာအကဲဖြတ်ဆန်းစစ်မှုသုတေသနအစီရင်ခံစာ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Business associations
  • Environmental impact assessments
  • Oil and gas resources
  • On-shore oil and gas exploration and extraction
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် No
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

မူပိုင်ခွင့်အားလုံးကိုလျှောက်ထားရယူပြီးဖြစ်ပါသည်။ ဤပုံနှိပ်စာစောင်များ၌ပါဝင်သော အကြောင်းအရာများကို ထုတ်နှုတ်ရယူခြင်း ၊ ပြန်လည်ထုတ်ဝေခြင်းများကို အခမဲ့ပြုလုပ်နိုင်ရန် MCRB, IHRB နှင့် DIHR အဖွဲ့အစည်းများမှခွင့်ပြုပြီးဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် MCRB, IHRB နှင့် DIHR အဖွဲ့အစည်းများ၏အမည်များကို ထိုက်သင့်သလိုဖော်ပြပြီး ထုတ်ဝေသည့် မိတ္တူတစ်စောင်ကိုအောက်ဖော်ပြပါ ရုံးချုပ်လိပ်စာအတိုင်းပေးပို့ရ မည်ဖြစ်ပါသည်။ ပုံနှိပ်စာစောင်များကိုပြန်လည်ထုတ်ဝေခြင်း ၊ ဘာသာပြန်ဆိုခြင်းများပြုလုပ်နိုင်ရန်ခွင့်ပြုချက်များကို MCRB, IHRB နှင့် DIHR အဖွဲ့အစည်းများထံလိပ်မူ၍ တောင်းခံနိုင်ပါသည်။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် Creative Commons Attribution
ဆက်သွယ်ရန်

မြန်မာ့စီးပွားရေးတာဝန်ယူမှုဌာန (Myanmar Center for Responsible Business-MCRB)

ရေးသားသူ (အဖွဲ့) မြန်မာ့စီးပွားရေးတာဝန်ယူမှုဌာန (the Myanmar Center for Responsible Business- MCRB )၊ လူ့အခွင့်အရေးနှင့်စီးပွားရေးအဖွဲ့အစည်း (the Institute of Human Rights and Business) နှင့် ဒိန်းမတ်လူ့အခွင့်အရေးအဖွဲ့အစည်း (the Danish Institute of Human Rights)
ISBN နံပါတ် 978-1-908405-20-3
ထုတ်ဝေသူ မြန်မာ့စီးပွားရေးတာဝန်ယူမှုဌာန (Myanmar Center for Responsible Business-MCRB)
ထုတ်ဝေသည့်ရက်စွဲ 2014
ဆက်ခံရရှိကြောင်းညွှန်းဆိုသည့်စာတမ်း Myanmar_Oil_And_Gas_Sector_Wide_Impact_Assessment_MCRB_2014
တင်ခဲ့သည့်ရက်စွဲ အောက်တိုဘာ 7, 2016, 05:10 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဇန်နဝါရီ 5, 2020, 15:29 (UTC)