Skip to content

အာဏာရှင်များ၊ ဩဇာတိက္ကမကြီးမားသည့်သူဌေးကြီးများ ၊နှင့် ကျားများ - ယုဇနကုမ္ပဏီ၏ဟူကောင်း တောင်ကြားဒေသကို ဖျက်ဆီးနေခြင်း

မြန်မာနိုင်ငံမြောက်ဘက် ဝေးလံခေါင်ဖျားလှသည့် ဟူးကောင်းတောင်ကြားဒေသတွင် မြေယာပိုင်ဆိုင်ခွင့် အပေါ် အလုအယက်ရုန်းကန်ယှဉ်ပြိုင်နေကြရမှုများသည် ခါးသီးလှသည့်အကြောင်းအရာတစ်ရပ် အဖြစ် ပိုမို၍ပေါ်လွင်ထင်ရှားလာပါသည်။ တောင်ကြားဒေသတွင် မျိုးရိုးစဉ်ဆက်အခြေချ နေထိုင်ခဲ့ ကြသည့် လယ်သမားများသည် မြန်မာနိုင်ငံ၏ ဩဇာတိက္ကမအကြီးမားဆုံးသဌေးကြီးတစ်ဦးဖြစ်သူ၏ ကုမ္ပဏီက ကမ္ဘာ့အကြီးမားဆုံး ကျားများ၏ဘေးမဲ့သစ်တောနယ်မြေတွင် ကြီးမားလှသည့် တစ်သီးစား စိုက်ခင်းကြီးများ ထူထောင်လာမှုအပေါ် ဆန့်ကျင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံတော်အစိုးရသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် “တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့” ၏ အကူအညီ ဖြင့် ကချင်ပြည်နယ်ရှိဟူးကောင်းတောင်ကြားဒေသကို ကျားများ၏ဘေးမဲ့သစ်တောနယ်မြေအဖြစ် (၂၀၀၁) ခုနှစ်တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ (၂၀၀၄) ခုနှစ်တွင် တောင်ကြားဒေသတစ်ခုလုံး (၂၁၈၉၀ စတုရန်းကီလိုမီတာ - ၈၄၅၂ စတုရန်းမိုင်) ကို ကျားဘေးမဲ့သစ်တောသတ်မှတ်နယ်မြေအဖြစ် တိုးချဲ့ သတ်မှတ်၍ ကမ္ဘာ့အကြီးမားဆုံး ကျားဘေးမဲ့နယ်မြေ ဖြစ်စေခဲ့ပါသည်။ ယခုအခါတွင် အဆိုပါကုမ္ပဏီ၏ ဧကပေါင်း (၂၀၀၀၀၀) ရှိ တစ်သီးစားစိုက်ခင်းစီမံကိန်းက ဘေးမဲ့သစ်တောကြီး၏ ကျားများကိုကာကွယ် စောင့်ရှောက်နိုင်မှု အနေအထားအပေါ် ပျက်ရယ်ပြုသကဲ့သို့ရှိနေပါသည်။ များပြားလှသော ထွန်စက်များ၊ မြေတူးစက်များ၊ မြေကော်စက်များက သစ်တောများကို လှဲဖြိုခြင်း၊ ဝါးရုံပင်အုပ်များကို ပိုင်းဖြတ်ခြင်း၊ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာခင်းများကို ချေဖျက်ခြင်းများ ပြုလုပ်နေကြပါသည်။ ယခင်ကရှိခဲ့သည့် “တိရိစ္ဆာန်များသွားလာရာလမ်းကြောင်းပြ အမှတ်အသားဆိုင်းဘုတ်များ၊” အမဲမလိုက်ရနယ်မြေ” သတိ ပေးကြေညာချက်ဆိုင်းဘုတ်များသည် ယခုအခါတွင် ဖုန်းဆိုးမြေပေါ်တွင် ထီးထီးကြီးရှိနေ၍ တစ်ချိန် က ကျားများ၏ဘေးမဲ့တောကြီးဖြစ်စေရန်အားထုတ်ခဲ့မှုများ၏ သက်သေတစ်ခုအဖြစ်သာ ကျန်ရှိနေပါ တော့သည်။ ဟူးကောင်းတောင်ကြားဒေသတွင် ဘေးမဲ့တောအဖြစ် ကြေညာခြင်းမပြုမီကပင် တည်ရှိခဲ့ သည့် ဒေသခံလယ်သမားများ၏ တစ်နိုင်စိုက်ပျိုးရေးလယ်ယာမြေများမှာလည်း သီးနှံပင်များ ဖျက်ဆီး ခံရခြင်း၊ လယ်ယာမြေများ အသိမ်းဆည်းခံရခြင်းတို့နှင့် တွေ့ကြုံနေရပါသည်။ လွန်ခဲ့သောနှစ်များအတွင်း ယုဇနကုမ္ပဏီအလုပ်သမားများ၊ ဒေသအာဏာပိုင်များ၊ နှင့် ဒေသခံများအကြားတွင် ပဋိပက္ခများ တောက် လောင်၍ အကြမ်းဖက်မှုများအသွင် မကြာခဏကူးပြောင်းခဲ့ပြီး (၂၀၁၀) ခုနှစ်တွင် ဘန်ကောရွာကို ဝင်ရောက်တိုက်ခိုက်မှုအဖြစ် အဆုံးသတ်ခဲ့ပါသည်။ (၂၀၁၀) ဖေဖော်ဝါရီလမှစတင်၍ မိသားစုပေါင်း (၁၆၃) စုသည် ရေရှားပါး၍ အိမ်ယာအနည်းငယ်သာဆောက်လုပ်ပြီးစီးသေးသည့် ပြန်လည်နေရာချထား ပေးရာနေရာသို့ အတင်းအကြပ်ပြောင်းရွှေ့ခံခဲ့ကြရပါသည်။ ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG) သည် ဤဒေသခံများနှင့်ခိုင်မာစွာ အတူတကွရပ်တည်၍ နိုင်ငံသားများ၏အခွင့်အရေးများ ထပ်မံ ချိုးဖောက်ခံရမှုများကို ရှောင်ရှားနိုင်ရန်အတွက် ယုဇနကုမ္ပဏီ၏ စီမံကိန်းအကောင်အထည်ဖော်မှုများကို ရပ်တန့်ရန်တောင်းဆိုခဲ့သည့်အပြင် ကချင်လူမှုအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များအားလုံးကိုလည်း ဟူကောင်းတောင်ကြားဒေသခံများ၏ ရဲရင့်သောရုန်းကန်လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့ပါသည်။

Data Resources (1)

Data Resource Preview - အာဏာရှင်များ၊ ဩဇာတိက္ကမကြီးမားသည့်သူဌေးကြီးများ ၊နှင့် ကျားများ - ယုဇနကုမ္ပဏီ၏ဟူကောင်း တောင်ကြားဒေသကို ဖျက်ဆီးနေခြင်း

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Agriculture and fishing
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.1
ခွင့်ပြုချက် unspecified
ရေးသားသူ (အဖွဲ့) ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG)
ပူးတွဲရေးသားသူ (အဖွဲ့) ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG)
ထုတ်ဝေသည့်ရက်စွဲ 2010
အဓိကစကားလုံးများ Forest Destruction,Agribusiness,Yuzana,Private Sector
တင်ခဲ့သည့်ရက်စွဲ ဇွန် 13, 2018, 14:35 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 11, 2021, 16:30 (UTC)