မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဏကိုအဓိကအားဖြင့် အစိုးရအရာရှိများ၊ စစ်ဖက်နှင့် ပတ်သက် ဆက်စပ်နေသည့် ဩဇာရှိအသိုင်းအဝိုင်း ကုမ္ပဏီများက လွှမ်းမိုး၊ ချုပ်ကိုင်၊ မောင်းနှင်လျက်ရှိပါသည်။ မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံတကာ ဘဏ္ဏာရေးအဖွဲ့အစည်းများ၊ ဒေသတွင်းရင်းနှီးမြုပ်နံသူများ နှင့် မြန်မာလုပ်ငန်းရှင်များ၏ အကြံပြုချက်များထည်သွင်းသုံးသပ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် ပြည်ပတင်ပို့ရေးလုပ်ငန်းများ ကြီးထွားလာရန်အလို့ငှါပိုမိုဖြေလျော့သော မြေယာဆိုင်ရာမူဝါဒများ ပေါ်ထွန်းလာစေရန်အတွက် အားထုတ်ဆောင်ရွက်လျက်ရှိပါသည်။ အသစ်ရွေးချယ်တင်မြှောက်ခံရသော ပြုပြင်ပြောင်းရေး စိတ်အားထက်သန်သည့် အစိုးနှင့် မကြာသေးမီကထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများအပါအဝင် လုပ်ငန်းရှင်များအကြား မြေပိုင်ဆိုင်မှု ဝယ်ယူ၊ ရောင်းချ၊ လွှဲပြောင်းနိုင်ခွင့်ရှိ သည့် ဥပဒေကြမ်းကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဏတွင် နိုင်ငံခြားရင်းနှီးမှုများပိုမိုမြင့်လာနိုင်မည့် အလားအလာ၊ မျှော်လင့်ချက်များရှိနေပါသည်။ အာရှမှ စီးပွါးရေးလုပ်ငန်း ဦးဆောင်ဦးရွက်ပြုသူများက လည်း မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရာတွင် တွေ့ကြုံရနိုင်သည့် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အခက်အခဲ၊ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်နေကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကဏ္ဏတွင် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုအခြေအနေ သတင်းရင်းမြစ်များအရ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုဒေသများတွင် အခြေအနေဆိုးရွားလျက်ပင်ရှိသေးကြောင်း သိရှိရပါသည်။ ရင်းနှီး မြုပ်နှံသည့်ငွေကြေးပမာဏနှင့် နည်းပညာဆိုင်ရာ သွင်းအားစုများ နိမ့်ကျနေသေးခြင်း၊ အခြေခံ အဆောက်အအုံများ အကန့်အသတ်ဖြင့်သာရှိနေသေးခြင်း၊ အစိုးရ၏ကူညီထောက်ပံ့မှုချို့တဲ့ခြင်း အပါ အဝင် လေ့ကျင့်သင်ကြားမှုမလုံလောက်ခြင်းနှင့် မြေယာစီမံခန့်ခွဲမှုအားနည်းခြင်း စသည့် အခြေအနေများ ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထုတ်လုပ်နိုင်မှုမှာ နိမ့်ကျလျက်ပင်ရှိနေပါသေးသည်။ တစ်ခါတစ်ရံ တွင်မူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုးချဲ့မှုများ၊ လုပ်ပိုင်ခွင့်ပေးမှုများကို သစ်ထုတ်လုပ်ငန်းများ ရပ်တန့်လိုက်ရခြင်းကြောင့် ထိခိုက်နစ်နာသည့်ဝင်ငွေကိုကာမိစေရန်၊(သို့မဟုတ်) ပဋိပက္ခများပြင်းထန် နေသည့်ဒေသများရှိ တိုင်းရင်းသားလူမျိုးစုများ၊ လက်နက်ကိုင်အဖွဲ့များကို ဦးတည်သည့်နည်းလမ်း အဖြစ် အသုံးပြုနိုင်ရန်ရည်ရွယ်ပါသည်။ ရလာဒ်အနေဖြင့် လယ်သမားများသည် ၎င်းတို့၏ မိရိုးဖလာ မြေယာများမှ ဖယ်ရှားခံရခြင်းကြောင့် လုပ်ခစားအလုပ်သမားများအဖြစ် ရွှေ့ပြောင်းရမှုများ မြင့်တက် လာပြီး ဂေဟစနစ်များခြိမ်းခြောက်ခံလာရခြင်း၊ စားနပ်ရိက္ခာမလုံလောက်မှုများပြားလာခြင်း၊ မြောက်ပိုင်း ဒေသများတွင်ဘိန်းစိုက်ပျိုးမှုတစ်ဖန်ပြန်လည်ခေါင်းထောင်လာခြင်း စသည့်အခြေအနေများကို မြင်တွေ့ နေရပါသည်။