Skip to content

မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဏတွင် ရင်းနှီးမြှုပ်နှံခြင်း - ဆင်းရဲမွဲတေမှု လျော့ချခြင်းအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှု အခက်အခဲများ

မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဍကို အဓိကအားဖြင့် အစိုးရအရာရှိများ၊ စစ်ဖက်နှင့်ပတ်သက် ဆက်စပ်နေသည့် ဩဇာရှိအသိုင်းအဝိုင်း ကုမ္ပဏီများက လွှမ်းမိုး၊ ချုပ်ကိုင်၊ မောင်းနှင်လျက်ရှိပါသည်။ မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ဒေသတွင်းရင်းနှီးမြှုပ်နံသူများနှင့် မြန်မာလုပ်ငန်းရှင်များ၏ အကြံပြုချက်များထည်သွင်းသုံးသပ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် ပြည်ပတင်ပို့ရေးလုပ်ငန်းများ ကြီးထွားလာရန်အလို့ငှာ ပိုမိုဖြေလျော့သော မြေယာဆိုင်ရာမူဝါဒများ ပေါ်ထွန်းလာစေရန်အတွက် အားထုတ်ဆောင်ရွက်လျက်ရှိပါသည်။ အသစ်ရွေးချယ်တင်မြှောက်ခံရသော ပြုပြင်ပြောင်းလဲရေး စိတ်အားထက်သန်သည့် အစိုရးနှင့် မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများအပါအဝင် လုပ်ငန်းရှင်များအကြား မြေပိုင်ဆိုင်မှု ဝယ်ယူ၊ ရောင်းချ၊ လွှဲပြောင်းနိုင်ခွင့်ရှိသည့် ဥပဒေကြမ်းကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမှုများ ပိုမိုမြင့်လာနိုင်မည့် အလားအလာ၊ မျှော်လင့်ချက်များရှိနေပါသည်။ အာရှမှ စီးပွါးရေးလုပ်ငန်း ဦးဆောင်ဦးရွက်ပြုသူများက လည်း မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် တွေ့ကြုံရနိုင်သည့် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အခက်အခဲ၊ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်နေကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုအခြေအနေ သတင်းရင်းမြစ်များအရ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုဒေသများတွင် အခြေအနေဆိုးရွားလျက်ပင်ရှိသေးကြောင်း သိရှိရပါသည်။ ရင်းနှီးမြှုပ်နှံသည့်ငွေကြေးပမာဏနှင့် နည်းပညာဆိုင်ရာ သွင်းအားစုများ နိမ့်ကျနေသေးခြင်း၊ အခြေခံ အဆောက်အအုံများ အကန့်အသတ်ဖြင့်သာရှိနေသေးခြင်း၊ အစိုးရ၏ကူညီထောက်ပံ့မှုချို့တဲ့ခြင်း အပါအဝင် လေ့ကျင့်သင်ကြားမှုမလုံလောက်ခြင်းနှင့် မြေယာစီမံခန့်ခွဲမှုအားနည်းခြင်း စသည့် အခြေအနေများ ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထုတ်လုပ်နိုင်မှုမှာ နိမ့်ကျလျက်ပင်ရှိနေပါသေးသည်။ တစ်ခါတစ်ရံတွင်မူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုးချဲ့မှုများ၊ လုပ်ပိုင်ခွင့်ပေးမှုများကို သစ်ထုတ်လုပ်ငန်းများ ရပ်တန့်လိုက်ရခြင်းကြောင့် ထိခိုက်နစ်နာသည့်ဝင်ငွေကိုကာမိစေရန်၊ (သို့မဟုတ်) ပဋိပက္ခများပြင်းထန်နေသည့်ဒေသများရှိ တိုင်းရင်းသားလူမျိုးစုများ၊ လက်နက်ကိုင်အဖွဲ့များကို ဦးတည်သည့်နည်းလမ်း အဖြစ် အသုံးပြုနိုင်ရန်ရည်ရွယ်ပါသည်။ ရလာဒ်အနေဖြင့် လယ်သမားများသည် ၎င်းတို့၏ မိရိုးဖလာ မြေယာများမှ ဖယ်ရှားခံရခြင်းကြောင့် လုပ်ခစားအလုပ်သမားများအဖြစ် ရွှေ့ပြောင်းရမှုများ မြင့်တက်လာပြီး ဂေဟစနစ်များခြိမ်းခြောက်ခံလာရခြင်း၊ စားနပ်ရိက္ခာမလုံလောက်မှုများပြားလာခြင်း၊ မြောက်ပိုင်းဒေသများတွင် ဘိန်းစိုက်ပျိုးမှု တစ်ဖန်ပြန်လည်ခေါင်းထောင်လာခြင်း စသည့်အခြေအနေများကို မြင်တွေ့နေရပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဏတွင် ရင်းနှီးမြုပ်နှံခြင်း - မြန်မာနိုင်ငံအတွက် အခွင့်အလမ်း များနှင့် စိန်ခေါ်မှု အခက်အခဲများ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Agriculture and fishing
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် unspecified
ရေးသားသူ (အဖွဲ့) မြန်မာနိုင်ငံဆိုင်ရာလေ့လာမှု ဗဟိုဌာန
ပူးတွဲရေးသားသူ (တစ်ဦးချင်းစီ) Kevin Woods
ထုတ်ဝေသည့်ရက်စွဲ 2013
အဓိကစကားလုံးများ Opium Subsitution,Agricultural Policy,Agribusiness,Yuzana,Hugawng Valley
တင်ခဲ့သည့်ရက်စွဲ ဇွန် 13, 2018, 14:35 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ မေ 19, 2021, 06:48 (UTC)