မြန်မာနိုင်ငံတွင်စိုက်ပျိုးမွေးမြူရေးအခြေပြု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို စက်မှု နိုင်ငံထူထောင်ရေး မူဝါဒကိရိယာတစ်ရပ်အဖြစ် နှစ်ပေါင်း (၄၀) ကျော် အကောင်အထည် ဖော်ဆောင် ခဲ့ပါသည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိုက်ပျိုးမွေးမြူရေး အခြေပြုစက်မှုလုပ်ငန်းများ အဖြစ် အသွင်ပြောင်းရန်အားထုတ်ရာတွင် ခရီးပေါက်ရောက်မှုအားနည်းနေပါသေးသည်။ မြန်မာနိုင်ငံ တွင် စိုက်ပျိုးမွေးမြူရေးအခြေပြုလုပ်ငန်းများမှ ရရှိသည့်ဝင်ငွေသည် နိုင်ငံ့စုစုပေါင်းထုတ်ကုန် (GDP) ၏ (၃) ရာခိုင်နှုန်း နှင့် စက်မှုထွက်ကုန်တန်ဖိုး၏ (၄၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ထုတ် လုပ်ငန်းကဏ္ဏသည်လည်း စုစုပေါင်း ပြည်တွင်းထွက်ကုန် (GFP) ၏ (၈) ရာခိုင်နှုန်းမှ (၉) ရာခိုင်နှုန်း တွင်သာရပ်တန့်နေသဖြင့် ၎င်းကဏ္ဏကိုစက်မှုကဏ္ဏအဖြစ်ကူးပြောင်းနိုင်မှု အတိုင်းအတာမှာလည်း နိမ့်ကျ လျက်ပင်ရှိနေပါသေးသည်။ ဤလေ့လာမှုစာတမ်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဏသည် အဘယ်ကြောင့် စိုက်ပျိုးမွေးမြူရေးအခြေပြု စက်မှုစီးပွါးရေးစနစ်သို့ တက်လှမ်းနိုင်ခြင်းမရှိ သေးသည့် အခြေအနေများကို လေ့လာစူးစမ်းထားပြီး ထိုသို့စက်မှုလယ်ယာစနစ် ဖြစ်ထွန်းလာနိုင်စေရန် လိုအပ်သည့် မူဘောင်တစ်ခုကို အားထုတ်တင်ပြထားပါသည်။(ဤအကြံပြုတင်ပြထားသည့်) စက်မှု လယ်ယာစနစ် ပိုင်ဆိုင်မှု ပုံစံတွင် အသေးစား ပုဂ္ဂလိက လုပ်ငန်း အများစုနှင့် အရင်းအနှီးများပြားသည့် အကြီးစား နိုင်ငံပိုင်စက်မှုလယ်ယာ လုပ်ငန်း(SEEs) အနည်းစုပါဝင်ပါသည် ။ စိုက်ပျိုးမွေးမြူရေးအခြေပြု စက်မှုလုပ်ငန်းအများစုတွင် ကြုံတွေ့နေရသော အဓိက အခက်အခဲမှာ ကုန်ကြမ်းလုံလောက်စွာ မရရှိခြင်း ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ (၁) မိသားစု ဝမ်းစာလုံလောက်စွာထားရှိမှုနှင့် ပြည်ပတင်ပို့ရောင်းချမှုတို့ အကြား အစိုးရ၏ မူဝါဒဆိုင်ရာ ပဋိပက္ခ (၂) နိုင်ငံပိုင်စက်ရုံများမှ ကုန်ကြမ်းဝယ်ယူရာတွင် သတ်မှတ် ပေးချေသည့်စျေးနှုန်းမှာ ပြင်ပစျေးကွက် စျေးနှုန်းအောက် နိမ့်ကျနေခြင်း (၃) ငွေကြေးလဲလှယ်မှုနှုန်းတား နှင့် စျေးကွက် တည်ငြိမ်မှုကင်းမဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုးများအပေါ် ရိုက်ခတ်၍ အဆိုပါသွင်းကုန် များအပေါ် မှီခိုနေရသည့် စိုက်ပျိုးမွေးမြူရေးအခြေပြုလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်စေ ပါသည်။ ဖော်ပြပါကိစ္စရပ်များကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက ကုန်ကြမ်း တင်သွင်းမှု/ထောက်ပံ့မှုသည် အကျပ်အတည်းအမှတ်သို့ ကျဆင်းသွားနိုင်၍ စိုက်ပျိုးမွေးမြူရေး အခြေပြု လုပ်ငန်းများသည် ထွက်ပေါက်မဲ့သည့်အခြေ (ကုန်ကြမ်းထောင်ချောက်) သို့ဆိုက်ရောက်သွားနိုင်ပါသည်။ နိုင်ငံပိုင်စက်ရုံများ (SEEs) များတွင် ကုန်ကြမ်းထောက်ပံ့မှုကျဆင်းခြင်းနှင့် စွမ်းဆောင်ရည် အားနည်း ခြင်းတို့ကြောင့် အဆိုးသံသရာကိုပေါ်ပေါက်လာစေပါသည်။ ထို့ကြောင့် စက်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအကြားတွင် စျေးကွက်မှမောင်းနှင်သည့် သဘောတူစာချုပ် ကတိကဝတ်စနစ် လက်ခံ၊ ချိတ်ဆက်ကျင့်သုံးခြင်းဖြင့် အဆိုးသံသရာမှ အကောင်းသံသရာသို့ ပြောင်းလဲလာနိုင်ပုံကို ဤလေ့လာမှု စာတမ်းမှ ထောက်ပြထားပြီး ပုဂ္ဂလိကစွန့်ဦးလုပ်ငန်းရှင်များ၏ အရည်အသွေးမြှင့်တင်ရေး၊ စျေးကွက် တည်ငြိမ်ရေးနှင့် ပြည်တွင်းအရင်းအနှီးများ တိုးတက်ဖြစ်ထွန်းလာရေးစသည့် အကျိုးကျေးဇူးများ ပေါ်ထွန်းလာစေရန်အတွက် နိုင်ငံပိုင်စက်ရုံများ၏ စီမံခန့်ခွဲမှုစနစ်များ အသွင်ပြောင်းရန် ဤစာတမ်းမှ တွန်းအားပေးထားပါသည်။
ထို့အပြင် လယ်ယာထွက်ကုန်များကို စိုက်ပျိုးမွေးမြူရေးအခြေပြုလုပ်ငန်းများ၏ ကုန်ကြမ်းအဖြစ် ထုတ်လုပ်၍ အာဆီယံလွတ်လပ်စွာကုန်သွယ်မှုစျေးကွက်တွင် ချိတ်ဆက်ပေါင်းစည်းနိူင်ရေး၊ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ယှဉ်ပြိုင်မှုများ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍လည်း ဤလေ့လာမှု စာတမ်းတွင် သုံးသပ်တင်ပြထားပါသည်။ သို့ရာတွင် ပေါ်ထွက်လာသော ရလာဒ်များအရ အလားအလာ အလွန်နည်းလှပါသေးသည်။