Skip to content

ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကာကွယ်ရေးသဘောတူညီချက် အကျိုးနှင့် အပြစ်များ

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့၏ ရင်းနှီးမြုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ် ( IPA) သဘောတူ လက်မှတ်ရေးထိုးရန်အချိန်နီးကပ်လာသည်နှင့်အမျှ သဘောတူညီချက်ဆိုင်ရာညှိနှိုင်းမှုများနှင့် ပတ်သက် ၍ လျှို့ဝှက်ဖုံးကွယ်ထားမှုများ၊ အဆိုပါသဘောတူစာချုပ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် များပြားလှစွာ သောအန္တရာယ်နှင့် စိန်ခေါ်မှုအခက်အခဲများအပြင် အနာဂတ်အကျိုးကျေးဇူး၊ အလားအလာအများအပြား အပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာပါသည်။ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားဒေသ အများ အပြားတွင် အကာင်အထည်ဖော်ဆောင်ရမည့်ဘဏ္ဏာငွေနှင့် သဘာဝသယံဇာတပိုင်ဆိုင်မှုနှင့် ခွဲဝေမှု ဆိုင်ရာ ကိစ္စရပ်များမှသည် လူ့အခွင့်အရေး၊ အလုပ်သမားများရပိုင်ခွင့်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် ဥပဒေကြောင်းရာ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များ ခိုင်မာစွာ ချမှတ်၊ ကျင့်သုံးနိုင်ရေးသည် မသေးငယ်လှသည့် စိန်ခေါ်မှုအခက်အခဲများအဖြစ် တည်ရှိနေပါသည်။ အနှစ် (၆၀) ကျော်ကြာငြောင်းပြီဖြစ်သည့် ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်သည်လည်း ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအပေါ် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နွှဲခြင်း၊ အရပ်သားများအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွါရခြင်း များကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိ အောင်မြင် နိုင်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုင်ရာမူဝါဒနှင့် ဥပဒေအသစ်များ ရေးဆွဲကျင့်သုံးရမည် ဖြစ် ပါသည်။ ရင်းနှီးမြုပ်နှံမှုသဘောတူညီချက် (IPA) တွင် အကျိုးကျေးဇူးများကို ပိုပိုသာသာဖော်ပြထား သော်လည်း စိန်ခေါ်မှုအန္တရာယ်များကို လျော့ပေါ့ဖော်ပြထားကြောင်း ဤလေ့လာမှုစာတမ်းမှ ထောက်ပြ ဝေဖန်ထားပါသည်။

Data Resources (1)

Data Resource Preview - ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကာကွယ်ရေးသဘောတူညီချက် အကျိုးနှင့် အပြစ်များ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Investment
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် unspecified
ရေးသားသူ (တစ်ဦးချင်း) Cecilia Olivet
ရေးသားသူ (အဖွဲ့) TNI
ပူးတွဲရေးသားသူ (တစ်ဦးချင်းစီ) Pietje Vervest
ပူးတွဲရေးသားသူ (အဖွဲ့) TNI
ထုတ်ဝေသည့်ရက်စွဲ 2017
အဓိကစကားလုံးများ Bilateral Investment Treaty,IPA,EU,Investment Protection Agreement
တင်ခဲ့သည့်ရက်စွဲ ဇွန် 13, 2018, 14:35 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ မေ 19, 2021, 04:39 (UTC)