Skip to content

မြန်မာနိုင်ငံရေအားလျပ်စစ်ထုတ်လုပ်ရေးကဏ္ဏမှ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုဆိုင်ရာ မဟာဗျူဟာမြောက် သုံးသပ်ချက် - အကြောင်းအရာအနှစ်ချုပ်

မြန်မာနိူင်ငံ ရေအားလျပ်စစ်ထုတ်လုပ်ရေးကဏ္ဏအနေဖြင့် လုပ်ငန်းစဉ်၏အစောဆုံးအဆင့်များတွင်ပင် လျပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာ ရလာဒ်များအကြား ဟန်ချက် ညီမျှအောင်ထိန်းညှိဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည့် အခွင့်အလမ်းများစွာရှိနေပါသည်။ သို့ရာတွင်နိုင်ငံတွင်လက်ရှိအသုံးပြုနေသော သမားရိုးကျ ရေအား လျပ်စစ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များအရ စီမံကိန်းတစ်ခုချင်းစီကိုသာ ရွေးချယ်၊ သတ်မှတ်၊ ခွင့်ပြုနေပြီး စီမံကိန်းအားလုံးနှင့် အခြားသောသက်ရောက်မှုများကြောင့် မြစ်ဝှမ်းဒေသများအပေါ် ရိုက်ခတ်နိုင်သည့် စုပေါင်းအကျိုးဆက်ကို လွှမ်းခြုံ ထည့်သွင်း၊ တွက်ချက်ရာတွင် အားနည်းနေပါသေးသည်။ နိုင်ငံအများ အပြားတွင် ဤကဲ့သို့သောစီမံကိန်းများကိုဆောင်ရွက်ရာ၌ ရေအားလျပ်စစ်ထုတ်လုပ်ရန် သင့်လျော်သည့် အဓိကမြစ်အများစုနှင့် မြစ်လက်တက်များကို ထည့်သွင်းတွက်ချက်၍ ရေစီးရေလာ လမ်းကြောင်းများ နောင်နှစ်ပေါင်း (၅၀) မှ (၁၀၀) အထိနှင့် ထိုထက်ပို၍ ရေရှည်တည်တံ့ခိုင်မြဲစေရန် စည်းမျဉ်းစည်းကမ်း များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မြစ်ဝှမ်းဒေသများနှင့် ဆက်စပ်ဂေဟစနစ်များ ရေရှည် အားကောင်းနေစေရန်အတွက်ရေအားလျပ်စစ်စီမံကိန်းများမှသက်ရောက်လာမည့် စုပေါင်းအကျိုးဆက် များကို ထည့်သွင်းတွက်ချက်၍ သက်ရောက်နိုင်ခြေ အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက်လေ့ရှိကြ ပါသည်။ဤ “မြန်မာနိုင်ငံရေအားလျပ်စစ်ထုတ်လုပ်ရေးကဏ္ဏမှ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက် မှုဆိုင်ရာ မဟာဗျူဟာမြောက်သုံးသပ်ချက် - အကြောင်းအရာအနှစ်ချုပ်” (SEA) တွင် မြစ်ဝှမ်းဒေသ အဆင့် လူမှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက်တန်ဘိုးများကို ထည့်သွင်း၊ တွက်ချက်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ရေအားလျပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် ချဉ်းကပ်ပုံ နည်းလမ်းများကို အကြံပြုတင်ပြထားပါသည်။ဤ “မြန်မာနိုင်ငံရေအားလျပ်စစ် ထုတ်လုပ်ရေး ကဏ္ဏမှ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုဆိုင်ရာ မဟာဗျူဟာမြောက်သုံးသပ်ချက် -အကြောင်း အရာအနှစ်ချုပ်”(SEA) တွင် မြစ်ဝှမ်းဒေသ၏ ရေရှည်တည်တံ့ခိုင်မာရေးအတွက် ရေအားလျပ်စစ်စီမံကိန်း တစ်ခုချင်းစီအပေါ် အာရုံစိုက်လုပ်ဆောင်ခြင်းထက် ရေအားလျပ်စစ်ကဏ္ဏတစ်ရပ်လုံး၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအပေါ် ဦးတည်ဆောင်ရွက်ခြင်းကို အကြံပြုဆွေးနွေးထားပါသည်။

Data Resources (3)

Data Resource Preview - မြန်မာနိုင်ငံရေအားလျပ်စစ်ထုတ်လုပ်ရေးကဏ္ဏမှ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုဆိုင်ရာ မဟာဗျူဟာမြောက် သုံးသပ်ချက် - အကြောင်းအရာအနှစ်ချုပ်

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
ခေါင်းစဉ်များ Hydropower dams
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.1
ခွင့်ပြုချက် unspecified
ရေးသားသူ (အဖွဲ့) အပြည်ပြည်ဆိုင်ရာဘဏ္ဏာရေးကော်ပိုရေးရှင်း
ထုတ်ဝေသည့်ရက်စွဲ 2018
အဓိကစကားလုံးများ SEA,Hydropower,IFC,SEA Final 2018
တင်ခဲ့သည့်ရက်စွဲ နိုဝင်ဘာ 29, 2018, 01:55 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 15, 2021, 10:22 (UTC)