Skip to content

မြန်မာနိုင်ငံသတင်းဆက်သွယ်ရေးနည်းပညာကဏ္ဍဆိုင်ရာအကျိုးသက်ရောက်နိုင်ခြေများကိုသုံးသပ်အကဲဖြတ်ခြင်း

မြန်မာနိုင်ငံသတင်းဆက်သွယ်ရေး နည်းပညာကဏ္ဍ ဆိုင်ရာ အကျိုးသက်ရောက်နိုင်ခြေများကို သုံးသပ်အကဲဖြတ်မှုများကိုမြန်မာနိုင်ငံတာဝန်ယူမှုတာဝန်ခံမှုရှိသောစီးပွါးရေးလုပ်ငန်းဗဟိုဌာနနှင့်ပူးတွဲတည်ထောင်သူများဖြစ်သော ဒိန်းမတ်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနှင့်လူ့အခွင့်အရေးနှင့်စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတို့မှဆောင်ရွက်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီး ၊ ရှမ်း ၊ မွန် နှင့်ကရင်ပြည်နယ်အတွင်းကွင်းဆင်းလေ့လာလာမှုများနှင့် ဌာနတွင်း အချက်အလက်များကိုအခြေခံ၍အဆိုပါသုတေသနစာတမ်းကိုပြင်ဆင်ခဲ့ပါသည်။မြန်မာနိုင်ငံသတင်းဆက်သွယ်ရေး နည်းပညာကဏ္ဍများတွင်လက်ရှိကျင့်သုံးလျှက်ရှိသောမူဝါဒများနှင့် ဉပဒေဆိုင်ရာမူဘောင်များ ၊ စီးပွါးရေး နိုင်ငံရေးနှင့်သမိုင်းကြောင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုများကိုသုတေသနစာတမ်းတွင်နက်နက်ရှိုင်းရှိုင်းပြုလုပ်ထားပါသည်။ထို့အပြင် မြန်မာနိုင်ငံလူ့အဖွဲ့အစည်းတွင် အဆိုပါလုပ်ငန်းကဏ္ဍများ၏ အနာဂတ်အကျိုးသက်ရောက်နိုင်ခြေကိုပိုမိုနားလည်သုံးသပ်နိုင်စေရန်ရည်ရွယ်၍လက်ရှိကျယ်ပြန့်စွာ အသုံးပြုလျှက်ရှိသော အလေ့အထနှင့် မူဝါဒများကို သုတေသနပြုလုပ်တင်ပြထားပါသည်။

Data Resources (4)

Data Resource Preview - မြန်မာနိုင်ငံသတင်းဆက်သွယ်ရေးနည်းပညာကဏ္ဍဆိုင်ရာအကျိုးသက်ရောက်နိုင်ခြေများကိုသုံးသပ် အကဲဖြတ်ခြင်း

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Communications
  • Communications infrastructure
  • Communications policy and administration
  • Science and technology
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် No
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ဤစာတမ်းနှင့်ပတ်သက်သည့်မူပိုင်ခွင့်များကိုရယူပြီးဖြစ်ပါသည်။မြန်မာနိုင်ငံတာဝန်ယူမှုတာဝန်ခံမှုရှိသောစီးပွါးရေးလုပ်ငန်းဗဟိုဌာန ၊ ဒိန်းမတ်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနှင့်လူ့အခွင့်အရေးနှင့်စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတို့၏အမည်ကိုသင့်လျှော်စွာထည့်သွင်းဖော်ပြ၍ အဆိုပါစာတမ်းတွင်ပါဝင်သည့်အကြောင်းအရာများကို အခမဲ့ထုတ်ယူကောက်နှုတ်အသုံးပြုနိုင်ပါသည်။ ထိုသို့ထုတ်ဝေအသုံးပြုရာတွင် မိတ္တူ တစ်စောင်ကိုအောက်ဖော်ပြပါရုံးချုပ်လိပ်စာအတိုင်းပေးပို့ရမည်ဖြစ်ပါသည်။ ဘာသာပြန်ဆိုခွင့်နှင့် ပြန်လည်ထုတ်လုပ်ခွင့်များကိုဖော်ပြပါရုံးများသို့လိပ်မူ၍ တောင်းခံနိုင်ပါသည်။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် Creative Commons Attribution
ဆက်သွယ်ရန်

မြန်မာနိုင်ငံတာဝန်ယူမှုတာဝန်ခံမှုရှိသောစီးပွါးရေးလုပ်ငန်းဗဟိုဌာန အမှတ် ၁၅ ရှမ်းရိပ်သာလမ်း ၊ စမ်းချောင်း ၊ ရန်ကုန် ၊ မြန်မာ အီးမေးလ်: info@myanmarresponsiblebusiness.org ဝက်ဘ်ဆိုက်: www.myanmarresponsiblebusiness.org or www.mcrb.org.mm

ရေးသားသူ (အဖွဲ့) မြန်မာနိုင်ငံတာဝန်ယူမှုတာဝန်ခံမှုရှိသောစီးပွါးရေးလုပ်ငန်းဗဟိုဌာန ၊ လူ့အခွင့်အရေးနှင့်စီးပွားရေးဆိုင်ရာအဖွဲ့အစည်း ၊ ဒိန်းမတ်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း
ထုတ်ဝေသူ မြန်မာနိုင်ငံတာဝန်ယူမှုတာဝန်ခံမှုရှိသောစီးပွါးရေးလုပ်ငန်းဗဟိုဌာန (MCRB)
ထုတ်ဝေသည့်ရက်စွဲ 2015
တင်ခဲ့သည့်ရက်စွဲ အောက်တိုဘာ 8, 2016, 09:26 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဒီဇင်ဘာ 29, 2019, 17:06 (UTC)