Skip to content

(၂၀၁၄) မြန်မာနိုင်ငံလူဦးရေနှင့် အိမ်ယာ/ အိမ်ထောင်စု သန်းခေါင်စာရင်း ဖွား/သေစာရင်းအချက် အလက်ဆိုင်ရာ အစီရင်ခံစာ

ဤအစီရင်ခံစာတွင် (၂၀၁၄) သန်းခေါင်စာရင်းကောက်ယူရရှိမှု စာရင်းအချက်အလက်များအပေါ် အခြေခံ ၍ မြန်မာနိုင်ငံ၏ ဖွား/သေ အခြေအနေကိုတင်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ပေါင်း (၃၀) အတွင်း ကလေးသူငယ်သေဆုံးမှု စံချိန်တင်ကျဆင်းခဲ့ကြောင်း ဤအစီရင်ခံစာတွင် ဖော်ပြထားသော် လည်း နိုင်ငံအတွင်း သေဆုံးမှုနှုန်းမှာ အခြားအာဆီယံဒေသနိုင်ငံများနှင့် နိုင်းယှဉ်ပါက မြင့်မားနေဆဲ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤသို့ သေဆုံးမှုနှုန်းကျဆင်းလာရခြင်းမှာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်နေသော အစီအစဉ်များကြောင့် ဖြစ်ပါသည်။ သို့ရာတွင် သေဆုံးမှုနှုန်းတား ကျဆင်းလာခြင်းသည် မြန်မာနိုင်ငံတနံတလျား၌ အချိုးအဆ ညီညာစွာဖြင့် ကျဆင်း နေခြင်းမဟုတ်ကြောင်းကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့်ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသ ကြီးနှင့် ချင်းပြည်နယ်တို့ကဲ့သို့သော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ကလေးသူငယ်နှင့် အရွယ် ရောက်သူ သေဆုံးမှုနှုန်းတား ဆက်လက်မြင့်မားလျက်ရှိဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ယောက်ကျား လေးနှင့် မိန်းကလေး အသက်ရှင်မွေးဖွားနှုန်းမှာ နိုင်ငံအဆင့်တွင် သိသာစွာမြင့်တက်လာသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင်ကွာဟချက်ကြီးမားစွာ ဆက်လက်တည်ရှိနေပါသည်။ အထူး သဖြင့်မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အရွယ်မတိုင်မီသေဆုံးမှုနှုန်း နိမ့်ကျ နေသကဲ့သို့ ပျမ်းမျှသက်တမ်းမြင့်မားကြောင်း တွေ့ရှိရသော်လည်း မွန်ပြည်နယ်ကဲ့သို့သောဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုအခြေပြ အညွှန်းကိန်းများက ဆန့်ကျင်ဘက်အနေအထားကို ပြဆိုနေပါသည်။ ထို့အပြင် ယောက်ကျားလေးနှင့် မိန်းကလေးများအကြား သေဆုံးမှုနှုန်းတား အချိုးအစားကွာဟနေခြင်းကလည်း စူးစမ်းလေ့လာရမည့် ကိစ္စတစ်ရပ်ဖြစ်နေပါသည်။ အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သန်ခေါင် စာရင်းကောက်ယူမှုမှ တွေ့ရှိချက်များကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန်အတွက် သေဆုံးမှု နှုန်းတားဆိုင်ရာ အထူးသုတေသနလုပ်ငန်းစဉ်တစ်ရပ်ကို ပြုလုပ်ရန်လိုအပ်လျက်ရှိပါသည်။

Data Resources (1)

Data Resource Preview - (၂၀၁၄) မြန်မာနိုင်ငံလူဦးရေနှင့် အိမ်ယာ/ အိမ်ထောင်စု သန်းခေါင်စာရင်း ဖွား/သေစာရင်းအချက် အလက်ဆိုင်ရာ အစီရင်ခံစာ

Additional Info

Field Value
စာတမ်းအမျိုးအစား Advocacy and promotional materials
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Censuses
  • Population
  • Population and censuses
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် No
ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် unspecified
ဆက်သွယ်ရန်

ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် (၄၈)၊ နေပြည်တော်၊ မြန်မာနိုင်ငံ တယ်လီဖုန်း - + ၉၅ ၆၇ ၄၃၁၀၆၂ ဝက်ဆိုက် - www.dop.gov.mm

ရေးသားသူ (အဖွဲ့) ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ထုတ်ဝေသည့်ရက်စွဲ 2017
တင်ခဲ့သည့်ရက်စွဲ စက်တင်ဘာ 29, 2017, 06:38 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 4, 2021, 14:15 (UTC)