Skip to content

မြန်မာနိုင်ငံ၏ လတ်တလောရေနံနှင့်ဘာဝဓာတ်ငွေ့ ရောင်းချမှုများတွင်အမှန်တကယ်အကျိုးအမြတ်ရရှိသူများမှာမည်သူများဖြစ်သနည်း။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မြန်မာအစိုးရမှ နိုင်ငံတကာနှင့်ပြည်တွင်းကုမ္ပဏီ ၄၇ ခုအား ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အဓိကလုပ်ကွက် ၃၆ ခု၏ ခွင့်ပြုချက်လိုင်စင်များကို ပေးအပ်ခဲ့ပါသည်။ကမ္ဘာလုံးဆိုင်ရာအသိသက်သေ (Global Witness Limited) သည် လုပ်ကွက်များရရှိသည့်ကုမ္ပဏီများနှင့်ဆက်သွယ်ပြီး ၎င်းကုမ္ပဏီများကို အမှန်တကယ်ပိုင်ဆိုင်သူများနှင့် ၎င်းတို့ကို နောက်ကွယ်မှ ထိန်းချုပ်ထားသူများကို စုံစမ်းမေးမြန်းခဲ့ပါသည်။ မြန်မာပြည်သူများကို ကာလရှည်ကြာစွာ ဆင်းရဲတွင်းနက်စေသည့်အကျင့်ပျက်ခြစားမှုများအား အဆုံးသတ်ရန်အတွက် ဤမေးခွန်း၏အဖြေကို အပြည့်အဝရရှိရန် အထူးအရေးတကြီးလိုအပ်နေပါသည်။ အာဏာအရှိန်အဝါကြီးမားသူများသည် ကုမ္ပဏီများကို လျှို့ဝှက်စွာဖွဲ့စည်းတည်ဆောက်၍ ၎င်းတို့၏ အမည်နာမ ၊ အထောက်အထားများကို ဖုံးကွယ်လေ့ရှိကြပါသည်။ ကမ္ဘာအနှံ့ရှိမြောက်များလှစွာသော သက်သေသာဓကများအရ အကျင့်ပျက်ခြစားသည့်အာဏာ ပိုင်များသည် တချိန်တွင်ဖော်ထုတ်ခြင်းခံရမည့် ၎င်းတို့လျှို့ဝှက်ပိုင်ဆိုင်သည့် ကုမ္ပဏီများအားကြီးမားသော လုပ်ငန်းလုပ်ပိုင်ခွင့်များ ၊ အခွင့်အရေးများကိုပေးအပ်လေ့ရှိပါသည်။ ကုမ္ပဏီပိုင်ဆိုင်မှုအချက်အလက်များကို အများပြည်သူသိရှိစေရန် အသေးစိတ်ထည့်သွင်းတင်ပြခြင်းသည်အကျင့်ပျက်ခြစားမှုကိုကာကွယ်တားဆီးရာ၌ မရှိမဖြစ် လိုအပ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာအသိသက်သေ (Global Witness Limited) မှဆက်သွယ်မေးမြန်းခဲ့သော ကုမ္ပဏီ ၄၇ ခုအနက် ၁၃ ခုမှသာပိုင်ဆိုင်မှုဆိုင်ရာ မေးခွန်းများကိုဖြေကြားခဲ့ပါသည်။ ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကမူ၎င်းကုမ္ပဏီများကိုအမှန်တကယ်ပိုင်ဆိုင်ထိန်းချုပ်ထားသူများနှင့်ပတ်သက်သည့်အသေးစိတ်အချက် အလက်များအားဖော်ထုတ်ဖြေဆိုခြင်းဖြင့်အပြုသဘောဆောင်သောလက္ခဏာများကိုပြသခဲ့ပါသည်။ ခြုံငုံ၍သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ရေနံနှင့်သဘာဝဓာတ်ငွေ့ကြွယ်ဝမှုများကို ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရန်အတွက်အထက်ပါဖော်ထုတ်တွေ့ရှိမှုရလဒ်များမှ ညွှန်ပြနေသော ကော်ပိုရေးရှင်းကြီးများ၏ အထူးလျှို့ဝှက်ချက်များကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အထူးလိုအပ်ပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံ၏ လတ်တလောရေနံနှင့်ဘာဝဓာတ်ငွေ့ ရောင်းချမှုများတွင်အမှန်တကယ်အကျိုးအမြတ်ရရှိသူများမှာမည်သူများဖြစ်သနည်း။

Additional Info

Field Value
စာတမ်းအမျိုးအစား Issue and policy briefs
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Extractive industries
  • Extractive industries licensing and payments
  • Off-shore oil and gas exploration and extraction
  • Oil
  • Oil and gas resources
  • On-shore oil and gas exploration and extraction
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် Creative Commons Attribution
ဆက်သွယ်ရန်

ကမ္ဘာလုံးဆိုင်ရာအသိသက်သေ (Global Witness Limited) လွိုက် ရှေ့နေရုံးခန်း (Lloyds Chambers) အမှတ် (၁) ပေါ်ဆိုကင်လမ်း (1 Portsoken Street) လန်ဒန် (London E1 8BT) ဗြိတိန် (United Kingdom)

ရေးသားသူ (အဖွဲ့) ကမ္ဘာလုံးဆိုင်ရာအသိသက်သေ (Global Witness Limited)
ထုတ်ဝေသည့်ရက်စွဲ 2014
စာမျက်နှာခွဲ 12
ဆက်ခံရရှိကြောင်းညွှန်းဆိုသည့်စာတမ်း Myanmar_Oil_And_Gas_Global_Witness_Briefing_2014
တင်ခဲ့သည့်ရက်စွဲ အောက်တိုဘာ 24, 2016, 13:43 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဇန်နဝါရီ 21, 2020, 06:56 (UTC)