Skip to content

အင်းလေးကန်နယ်မြေခရီးစဉ်/ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေးအစီအစဉ် - သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကဲဖြတ် ဆန်းစစ် ချက်

များပြားလာသောနိုင်ငံတကာ နှင့် ပြည်တွင်း ခရီးသည်များကြောင့် အင်းလေးကန်နယ်မြေ နှင့် ရေဝေ ရေလွှဲဒေသများ ၏ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် စီမံခန့်ခွဲမှု အစီ အစဉ်များ၊ ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဤ အစီရင်ခံစာတွင် အနှစ်ချုပ်ဖော်ပြထားပါသည်။ လက်တွေ့လုပ်ငန်းစဉ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များနှင့် အကြံပြု ချက်များကို ရနိုင်သမျှသော အချက်အလက်များအပေါ်တွင် အခြေပြုဖော်ပြထားခြင်းဖြစ်သော်လည်း အခြေခံသတင်းအချက်အလက်များ၏ အတိုင်းအတာနှင့် စိတ်ချယုံကြည်ရမှုအပေါ် သိသာထင်ရှားသော ကန့်သတ်ချုပ်ချယ်မှုများ ရှိနေပါသည်။ ဤအစီရင်ခံစာတွင်ဖော်ပြထားသည့် အင်းလေးကန်ဒေသဆိုင်ရာ အချက်အလက်များကို စိစစ်အတည်ပြုထားသည့် အတိုင်းအတာများအဖြစ် ယူဆရန်လိုအပ်ခြင်း မရှိမူ၍ သက်ဆိုင်ရာအခြေအနေများကို ပြဆိုထားသည့် အညွှန်းကိန်းများအဖြစ် မှတ်ယူသင့်ပါသည်။ (ဥပမာအားဖြင့်အင်းလေးကန်၏ အနက်၊ အကျယ်၊ အလျား နှင့် ဧရိယာ များကို ပုံဖြင့်ဖော်ပြရာတွင် ကြီးမားသည့် ကန်နယ်မြေ၏ အမျိုးမျိုးပြောင်းလဲနေသည့် အနက်နှင့် ပုံသဏ္ဏာန် တိကျခြင်းမရှိသည့် ကန်းရိုးတန်းစသည့်) သတင်းရင်းမြစ် အမျိုးမျိုးမှရရှိသော အချက်အလက်များသည် ကြီးမားစွာ ကွဲလွဲမှုများ ရှိနေကြောင်း ထင်ရှားသိသာစွာ မြင်တွေ့ရပါသည်။ အင်းလေး ကန်ဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များသည် အများအားဖြင့် ဒဏ္ဏာရီဆန််သော်လည်း ယင်းအချက်အလက်များ ကိုပင်အသုံးပြု၍ လစ်ဟာနေသော အတိုင်းအတာဆိုင်ရာ အချက်အလက်များကို ဖြည့်တင်းထား ရပါ သည်။ သို့သော်လည်း အင်းလေးကန် နှင့် ရေဝေရေလွှဲ ဒေသများ၏ ဂေဟစနစ် ရေရှည်တည့်တံ့မှုအပေါ် လတ်တလော ခြိမ်းခြောက်မှုများနှင့် အင်းလေးကန်ဒေသအပေါ် မှီခိုနေထိုင်သည့် လူ့အဖွဲ့အစည်း၏ ကျန်းမာရေး၊ လူမှုဘဝ အဆင်ပြေချောမွေ့ရေးတို့အပေါ် ခြိမ်းခြောက်မှု များကို ကိုင်တွယ်ဖြေရှင်းနိုင် ရန်အထူးဦးစားပေးဆောင်ရွက်ရမည့် အချက်အလက်များကို လုံလောက်စွာရရှိထားပါသည်။

ရေရှည် တသမတ်တည်း ဖြစ်မည့်အခြေခံ အချက်အလက်များ ရယူနိုင်ရန်အတွက် အနာဂတ် စောင့်ကြည့်စစ်ဆေးရေး အစီအစဉ်များနှင့် သတင်းအချက်အလက်ပုံမှန် ဖြည့်စွက်မွမ်းမံ နိုင်မည့် လုပ်ငန်းစဉ်များကို ဤ အစီရင်ခံစာတွင် အကြံပြုတင်ပြထားပါသည်။ အသိပညာဆိုင်ရာ ကွာဟမှု၊ လစ်ဟာမှုများ နှင့် အထူးဦးစားပေး ကိစ္စရပ်များ အတွက် နောက်ထပ်သုတေသနပြုလုပ်ရမည့် နယ်ပယ်များကို သတ်မှတ်ပြီးဖြစ်ပါသည်။ အချို့သော ရှုပ်ထွေးမှုများသည် မြန်မာဘာသာဖြင့် ဖော်ပြ ထားသော အမည်များ နှင့် နေရာဒေသများ၏ အမျိုးမျိုးသော စာလုံးပေါင်းနှင့်၊ အသံထွက်များကြောင့် ပေါ်ပေါက်လာရပါသည်။ ဤအစီရင်ခံစာတွင်ဖော်ပြထားသည့် စာလုံးပေါင်းများကို စံသတ်မှတ်ထားပြီး ဖြစ်သော်လည်း လူအမည်နှင့် နေရာဒေသအမည်များသည် မူကွဲ (၂) မျိုး (သို့မဟုတ်) ၃ မျိုးအထိ ရှိနိုင်ကြောင်းတွေ့ရပါသည်။

Data Resources (1)

Data Resource Preview - အင်းလေးကန်နယ်မြေခရီးစဉ်/ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေးအစီအစဉ် - သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကဲဖြတ် ဆန်းစစ် ချက်

Additional Info

Field Value
စာတမ်းအမျိုးအစား EIA/SEIA
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်အတို (မူရင်းခေါင်းစဉ်နှင့်မတူသောခေါင်းစဉ်) အင်းလေးကန်နယ်မြေခရီးစဉ် စီမံခန့်ခွဲရေးအစီအစဉ်
ခေါင်းစဉ်များ Environmental and biodiversity protection
ပထဝီဧရိယာ (spatial range)
  • မြန်မာ
နယ်ပယ်
  • Shan
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

Jensen, A. E. (2014b) အင်းလေးကန်နယ်မြေခရီးစဉ် စီမံခန့်ခွဲရေးအစီအစဉ် - သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကဲဖြတ် ဆန်းစစ် ချက် အင်းလေးကန်နယ်မြေခရီးစဉ် စီမံခန့်ခွဲရေးအစီအစဉ် - သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကဲဖြတ် ဆန်းစစ် ချက်ဆိုင်ရာ အကြံပြုချက် အစီရင်ခံစာ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံ အဖွဲ့အစည်း ရန်ကုန်၊ မြန်မာနိုင်ငံ

ပြင်ဆင်ချက် 1
ခွင့်ပြုချက် CC-BY-3.0-IGO
ဆက်သွယ်ရန်

ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံ အဖွဲ့အစည်း (MID) ရန်ကုန်၊ မြန်မာနိုင်ငံ ဝက်ဆိုက် - http://www.mmiid.org ဆက်သွယ်ရမည့်ပုဂ္ဂိုလ် - jkristensen@mmiid.org လိပ်စာ - ၄၇ (ခ)၊ ရွှေတောင်ကုန်း ရိပ်သာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ

ရေးသားသူ (တစ်ဦးချင်း) Dr Anne Jensen
ထုတ်ဝေသည့်ရက်စွဲ 2014
စာမျက်နှာခွဲ 101
တင်ခဲ့သည့်ရက်စွဲ မတ် 30, 2017, 05:28 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 3, 2021, 07:49 (UTC)