Skip to content

မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု

လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားခြင်းသည်စီးပွါးရေးအလျှင်အမြန်ဖွံ့ဖြိုးတိုးတက်မှုနှင့်တိုက်ရိုက်အချိုးကျသည်ဟူသောအချက်ကိုဘောဂဗေဒပညာရပ်ကအခိုင်အမာဖော်ပြခြင်းမရှိသေးသော်လည်း နည်လမ်းကျနသောစီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုများအတွက်ကောင်းမွန်သောလျှပ်စစ် ဓာတ်အားပံ့ပိုးမှုအထူးလိုအပ်သည်ကိုကျယ်ကျယ်ပြန့်ပြန့်သဘောတူလက်ခံပြီးဖြစ်ပါသည်။ မြန်မာကဲ့သို့စီးပွါးရေးထွန်းသစ်စနိုင်ငံများတွင်လျှပ်စစ်ဓာတ်အားပံ့ပိုးမှုသည်အထူးအရေးကြီးသောကြောင့်အစိုးရအနေဖြင့် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးမှုကိုတည်ငြိမ်အားကောင်း၍လုံလောက်မှုရှိစေရန်အထူးဦးစားပေးဆောင်ရွက်ရန်လိုအပ်ပါသည်။ ဤဆွေးနွေးသုံးသပ်မှုစာတမ်းမှမြန်မာနိုင်ငံလျှပ်စစ်စွမ်းအင်ဆိုင်ရာအကဲဖြတ်ဆန်းစစ်မှုများကိုဖော်ပြထားပြီး အစိုးရအနေဖြင့် စွမ်းအင်ဖြန့်ဖြူးမှုဆိုင်အာရာမခံချက်ရရှိရေး အထူးသဖြင့်ဆင်းရဲသားပြည်သူများ နှင့် အားနည်းချက်ရှိသောပြည်သူများလျှပ်စစ် ဓာတ်အားလုံလောက်စွာအသုံးပြုခွင့်ရရှိရေးအစရှိသောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက် ခိုင်မာသောမူဝါဒချမှတ်ရေးဆိုင်ရာရွေးချယ်ခွင့်အများအပြားကိုအကြံပြုတင်ပြထားပါသည်။ ထို့အပြင်လိုအပ်သောအခြေခံအဆောက်အအုံများနှင့် စွမ်းအင်ဖြန့်ဖြူးမှုဆောင်ရွက်ရာတွင်ကွာဟချက်ကျဉ်းမြောင်းစေရန်အတွက် လိုအပ်သောရင်းနှီးမြုပ်နှံမှုများကိုလည်းဤ စာတမ်းမှ ခန့်မှန်းတင်ပြထားပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု

Additional Info

Field Value
စာတမ်းအမျိုးအစား Analysis, discussion papers, and blogs
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Electricity policy and administration
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ရယူအသုံးပြုမှုဆိုင်ရာချုပ်ချယ်ကန့်သတ်မှုတစုံတရာမရှိပါ။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် Creative Commons Attribution
ဆက်သွယ်ရန်

အာရှဖွံ့ဖြိုးရေးဘဏ် အမှတ် ၆ အာရှဖွံ့ဖြိုးရေးဘဏ် ရိပ်သာ မန်ဒါလူယောင်မြို့ ၁၅၅၀ မက်ထရို မနီလာ ဖိလစ်ပိုင်နိုင်ငံ ဝက်ဘ်ဆိုက်: www.adb.org

ရေးသားသူ (တစ်ဦးချင်း) Kee-Yung Nam
ပူးတွဲရေးသားသူ (တစ်ဦးချင်းစီ) Maria Rowena Cham, and Paulo Rodelio Halili
ISSN နံပါတ် 2313-6537
ထုတ်ဝေသူ အာရှဖွံ့ဖြိုးရေးဘဏ်  
ထုတ်ဝေသည့်ရက်စွဲ 2015
အထွေထွေ မှတ်ချက်

ဤစာတမ်းတွင်ဖော်ပြထားသည့်အမြင်များသည်စာရေးသူများ၏ကိုယ်ပိုင်အယူအဆများသာဖြစ်ပြီးအာရှဖွံ့ဖြိုးရေးဘဏ် (သို့မဟုတ်) အုပ်ချုပ်သူဘုတ်အဖွဲ့(သို့မဟုတ်)၎င်းတို့ကိုယ်စားပြုသောသက်ဆိုင်ရာအစိုးရများ၏မူဝါဒနှင့်အမြင်များကိုထင်ဟပ်ခြင်းမရှိပါ။ အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့်ပုံနှိပ်ထုတ်ဝေမှုတွင်ပါဝင်သည့်အချက်အလက်ဆိုင်ရာတိကျသေချာမှုနှင့်ပတ်သက်၍အာမခံ ခြင်းမပြုသည့်အပြင် အဆိုပါအချက်အလက်များကိုအသုံးပြုခြင်းကြောင့်ရရှိလာမည့်အကျိုးဆက်များကိုလက်ခံတာဝန်ယူလိမ့်မည်မဟုတ်ပါ။ ထို့အပြင်စာတမ်းတွင်ဖော်ပြထားသောနိုင်ငံများ ၊ ပထဝီဆိုင်ရာနယ်မြများ ၊ ပိုင်နက်များ ၊ နယ်နမိတ်များနှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အဆိုပါပိုင်နက်နယ်မြေများနှင့်နိုင်ငံများ၏ ဥပဒေကြောင်းဆိုင်ရာနှင့် အခြား အကြောင်းအရာများကို အကဲဖြတ်မှုတစုံတရာပြုလုပ်ရန်ရည်ရွယ်ချက်မရှိပါ။ မှတ်ချက်- ဤပုံနှိပ်ထုတ်ဝေမှုတွင်ဖော်ပြထားသော $ သည်အမေရိကန်ဒေါ်လာကိုရည်ညွှန်းပါသည်။

တင်ခဲ့သည့်ရက်စွဲ မတ် 27, 2017, 04:13 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဒီဇင်ဘာ 30, 2020, 06:04 (UTC)