Skip to content

၂၀၁၄ ခုနှစ်မြန်မာနိုင်ငံလူဦးရေနှင့်အိမ်ရာသန်းခေါင်စာရင်းအစီရင်ခံစာအတွဲ ၂ အပိုင်း ခ - ပြည်ထောင်စုအဆင့်အစီရင်ခံစာ - အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့်စက်မှုလုပ်ငန်းများ

ဤ “ သန်းခေါင်စာရင်းအစီရင်ခံစာအတွဲ ၂ အပိုင်း ခ - ပြည်ထောင်စုအဆင့်အစီရင်ခံစာ - အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့်စက်မှုလုပ်ငန်း” သည်ပြည်ထောင်စုအဆင့်အစီရင်ခံစာ အတွဲ ၂ ၏နောက်ဆက်တွဲဖြစ်ပါသည်။ ၎င်းအစီရင်ခံစာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နှင့်စက်မှုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များပါဝင်ပြီးအပိုင်း ၄ ပိုင်းခွဲခြားထားပါသည်။အပိုင်း ၁ တွင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုနောက်ခံအချက်အလက်များ နှင့် ပုံနှိပ်ထုတ်ဝေပြီးဖြစ်သော သန်းခေါင်စာရင်း ဆိုင်ရာသတင်းအချက်အလက်များပါဝင်ပါသည်။ အပိုင်း ၂ တွင်မြန်မာနိုင်ငံသန်း ခေါင်စာရင်းကောက်ယူမှုရလာဒ်များ ၊ အဓိကတွေ့ရှိချက်များကိုအဓိပ္ပာယ်ရှင်းလင်းမှုများ ၊ ပုံများဖြင့်သရုပ်ဖော်တင်ပြထားပါသည်။ အပိုင်း (၃) တွင် ပြည်ထောင်စုနှင့်ပြည်နယ် / တိုင်းဒေသကြီးအဆင့်ရှိအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နှင့်စက်မှုလုပ်ငန်းများဆိုင်ရာသတင်းအချက်အလက်စာရင်းဇယားများ အသေးစိတ်ပါ၀င်ပါသည်။အပိုင်း ၄ သည်သန်းခေါင်စာရင်းမေးခွန်းလွှာများ ၊ ပုံနှိပ်ထုတ်ဝေမှုနှင့်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်များတွင်ထားရှိသည့်သဘောထားခံယူချက်များနှင့်အသုံးပြုသောပညာရပ်ဆိုင်ရာဝေါဟာရ ရှင်းလင်းချက်များ စသည်တို့ပါဝင်သော နောက်ဆက်တွဲဖြစ်ပါသည်။ အဓိကပါဝင်သည့် ပြည်သူလုထုအုပ်စုများနှင့် ၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နှင့်စက်မှုလုပ်ငန်းဆိုင်ရာ အမျိုးအစားခွဲခြားသတ်မှတ်မှုများကိုလည်းဤအစီရင်ခံစာအပိုင်း ၄ တွင်အသေးစိတ်တွေ့နိုင်ပါသည်။

Data Resources (2)

Data Resource Preview - ၂၀၁၄ ခုနှစ်မြန်မာနိုင်ငံလူဦးရေနှင့်အိမ်ရာသန်းခေါင်စာရင်းအစီရင်ခံစာအတွဲ ၂ အပိုင်း ခ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Censuses
  • Population
  • Population and censuses
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ရယူအသုံးပြုမှုဆိုင်ရာချုပ်ချယ်ကန့်သတ်မှုတစုံတရာမရှိပါ။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် Creative Commons Attribution
ဆက်သွယ်ရန်

ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် ၄၈ နေပြည်တော် မြန်မာနိုင်ငံ ဖုန်း + ၉၅ ၆၇ ၄၃ ၁၀၆၂ ဝက်ဘ်ဆိုက်: www.dop.gov.mm

ရေးသားသူ (အဖွဲ့) ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ထုတ်ဝေသည့်ရက်စွဲ 2016
တင်ခဲ့သည့်ရက်စွဲ အောက်တိုဘာ 26, 2016, 08:22 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဇန်နဝါရီ 3, 2020, 06:34 (UTC)